ကျန်းမာအောင်နေ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာ

၅  နိုဝင်ဘာ

အခု လောလောဆယ်မှာအရေးကြီးတာက ကျန်းမာဖို့ပဲ။ ဒီရောဂါကပ်ကြီးကို ကျော်လွှားနိုင်ဖို့ အဓိကပထမဦးဆုံး လုပ်ရမယ့်ကိစ္စက ကျန်းမာနေပြီဆိုရင် ဘာမဆိုလုပ်လို့ရတယ်။ မကျန်းမာရင် လုပ်လို့မရဘူး။ ဒါကြောင့် ကျန်းမာခြင်းသည် အကောင်းဆုံး လာဘ်လာဘဖြစ်တယ်ဆိုတာ အင်မတန်မှ မှန်ပါတယ်။ ကျန်းမာအောင် နေကြပါ။ ပြီးတော့ စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြပါ။ အခြေခံကျတဲ့ Mask တပ်ဖို့၊ နှာခေါင်းစည်းတပ်ဖို့ အင်မတန်အရေးကြီးပါတယ်။ အားလုံးကသာ နှာခေါင်းစည်းတပ်မယ်ဆိုရင် ကိုဗစ်ပြန့်ပွားမှုနှုန်းဟာ အများကြီး ကျသွားမှာပါ။

(Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ဿက္ကဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂၃-၁၀-၂၀၂၀ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)