ကျွန်းလှတွင် လူထုဗဟိုပြုစီမံကိန်းစီမံခန့်ခွဲမှု သင်တန်းဖွင့်လှစ်

ကျွန်းလှ ၂၀   စက်တင်ဘာ  

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သည့် လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်စက်ဝန်းစီမံခန့်ခွဲမှု သင်တန်းကို ယနေ့ နံနက် ၉ နာရီက ကန့်ဘလူခရိုင်/ကျွန်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ နိုင်ငံတကာအဆင့် နည်းပညာအကြံပေးအရာရှိ (NAG)Mis.Corazon Juliano-Soliman က စီမံကိန်းစီမံခန့်ခွဲမှုဆိုင်ရာ သဘောတရားများ၊ အစီအစဉ်နည်းလမ်းနှင့် စောင့်ကြပ်ကြည့်ရှု အကဲဖြတ်ခြင်းများ နားလည်စေရန်၊ အခက်အခဲများခွဲခြမ်းစိတ်ဖြာပြီး နည်းလမ်းများရှာဖွေ လုပ်ဆောင်တတ်စေရန်/ လုပ်ငန်းအစီအစဉ်များ ရေးဆွဲတတ်စေရန် သင်တန်းဖွင့်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းသို့မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ/ စီမံကိန်းတာဝန်ခံများ/ စည်းရုံးရေးမှူးများ/ နည်းပညာမှူးများ စုစုပေါင်း(၃၃)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ နှစ်ရက်ဖြစ်ကြောင်း သိရသည်။

မျိုးဝင်းညို   ကျွန်းလှ