ကျွန်းလှတွင် ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြ ရောင်းချခြင်းရှိမရှိစစ်ဆေး

ကျွန်းလှ ၂၀ ဩဂုတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သစ်ရာမြိုင်ရပ်ကွက်ဈေးရှိ ကုန်စုံဆိုင်များအား ယနေ့ နံနက်ပိုင်းက ကုန်အညွှန်းအမှတ်အသား ဖော်ပြရောင်းချခြင်း ရှိမရှိ ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင်၂၀၁၉ခုနှစ် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)ပါ သတ်မှတ်ချက်နှင့်အညီ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တွဲလျက်ဖြစ်စေ ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိရေး စစ်ဆေးခဲ့ကြောင်း မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

 

အဆိုပါကုန်စုံဆိုင်များစစ်ဆေးခြင်းကို ခရိုင်/မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

 

မျိုးဝင်းညို (ကျွန်းလှ)