ကျွန်းလှမြို့ သီတဂူစက္ခုဒါနဆေးရုံတွင် မျက်စိဝေဒနာရှင်များအား ခွဲစိတ်ကုသပေး

ကျွန်းလှ  ၂၀  မေ      


      
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့ သီတဂူစက္ခုဒါနဆေးရုံတွင် မျက်စိဝေဒနာရှင်များအား စတင်ခွဲစိတ်ကုသပေးလျက်ရှိကြောင်း သိရသည်။

 

ိိ္န


        
စစ်ကိုင်းမြို့ သီတဂူဆေးရုံ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်မိမိခင်နှင့်အဖွဲ့က မေ ၁၈ ရက်မှ ၁၉ရက်အထိ မျက်စိဝေဒနာရှင်(၄၂၃)ဦးအား စမ်းသပ်ပေးပြီး အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၄၂ ဦး စုစုပေါင်း ၆၁ ဦးတို့ကို ခွဲစိတ်ကုသပေးခဲ့ကြောင်းသိရသည်။


        
သီတဂူစက္ခုဒါနဆေးရုံ(ကျွန်းလှ)တွင် ပဉ္စမအကြိမ် မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးခြင်းကို ကျွန်းလှ၊ ကန့်ဘလူ၊ ကောလင်း၊ တန့်ဆည်၊ ပင်လယ်ဘူး၊ ဝက်လက်၊ ဖောင်းပြင်မြို့နယ်များမှ မျက်စိဝေဒနာရှင်များ လာရောက်ကုသလျက်ရှိကြောင်း သိရသည်။ 


 

နတန္

 

     
အဆိုပါ မျက်စိဝေဒနာရှင်များကုသရေး အဆင်ပြေစေရန် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ ဌာနဆိုင်ရာများ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့အကျိုးဆောင်အဖွဲ့၊ နိုင်ငံရေးပါတီများ၊ မြို့နယ်ကြက်ခြေနီအသင်း/လူမှုရေးအသင်းအဖွဲ့များ/ဒေသခံပြည်သူများမှ ကူညီဆောင်ရွက်ပေးပြီး မြတ်သုခလူမှုကူညီရေးအသင်းက ထမင်းထုပ်နှင့် ရေသန့်ဘူးများ ပေးဝေကြကြောင်း သိရသည်။


မျိုးဝင်းညို   (ကျွန်းလှ)