ကြံ့လိုက်မုဆိုးတစ်ဦးကို ဆင်တစ်ကောင်က သတ်ပြီး ခြင်္သေ့တွေက စားသုံးခြင်း

၈ ဧပြီ

 

တောင်အာဖရိကနိုင်ငံရှိ ကရူကား အမျိုးသားဥယျာဉ်အတွင်းမှာ ကြံ့လိုက်မုဆိုးဟု သံသယရှိသူတစ်ဦးကို ဆင်တစ်ကောင်က သတ်ခဲ့ပြီး ရုပ်အလောင်းကို ခြင်္သေ့တွေက စားသုံးလိုက်ကြောင်း သိရပါတယ်။

 

အသက်ဘေးကလွတ်မြောက်ခဲ့သော အတူသွားတဲ့ ကြံ့လိုက်မုဆိုးသုံးဦးက သေဆုံးသွားတဲ့ မုဆိုးရဲ့ မိသားစုကို ဆင်တစ်ကောင်ကြောင့် သေဆုံးသွားကြောင်း အင်္ဂါနေ့က သတင်းပြောရာ သေဆုံးသူရဲ့ မိသားစုက ဥယျာဉ်စောင့်တွေကို သတင်းပေးလိုက်ရာကနေ အမှုပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

 

အလောင်းရှာဖွေရေးအဖွဲ့ကနေ ရုပ်အလောင်းကို ရှာမတွေ့ဘဲ ပြီးခဲ့တဲ့ကြာသာပတေးနေ့က လူခေါင်းခွံနှင့် ဘောင်းဘီတစ်ထည်ကိုသာ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။

 

အဖမ်းခံနေရတဲ့ မုဆိုးသုံးဦးဟာ အသက် ၂၆ နှစ်ကနေ ၃၅ နှစ်အရွယ်များ ဖြစ်ကြောင်း၊ လိုင်စင်မရှိဘဲ လက်နက်ကိုင်ဆောင်မှု၊  အမဲလိုက်မှုတွေနဲ့  ဧပြီ ၅ ရက်နေ့က တရားစွဲထားကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။

 

ကြံ့ချို များဟာ အာရှဈေးကွက်ရဲ့ ဝယ်လိုအားကောင်းနေတဲ့အတွက်  ကရူကား အမျိုးသားဥယျာဉ်ဟာ မုဆိုးတွေရဲ့ အန္တရာယ်ကို ရင်ဆိုင်နေရကြောင်း သိရပါတယ်။

 

ဧပြီ ၆ ရက် စနေနေ့က ကြံ့ချိုအမြောက်အများကို ဟောင်ကောင်လေဆိပ်မှာ ဖမ်းဆီးရရှိခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့ ကြံ့ချိုပမာဏာဟာ ၅ နှစ်အတွက် အများဆုံးဖြစ်ပြီး မှောင်ခိုဈေးကွက်အရ အမေရိကန်ဒေါ်လာ ၂.၁ သန်း တန်ဖိုးရှိကြောင်း သိရပါတယ်။

 

MDN

 

695.j