ကန်ကြီးထောင့်မြို့၌ စာပေချစ်သူများစုပေါင်း၍ "ရသပင်လယ်" စာပေဟောပြောပွဲကျင်းပမည် 

ကန်ကြီးထောင့်  ၅ မေ  

 


စာပေချစ်သူများ စုပေါင်း၍ “ရသပင်လယ်” စာပေဟောပြောပွဲကို ကန်ကြီးထောင့်မြို့ အခြေခံပညာ အထက်တန်းကျောင်းရှိ အမျိုးသားခန်းမ၌ မေ ၇ ရက် ည ၇ နာရီတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 


အဆိုပါ ဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်မှ စာပေချစ်သူများမှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး စာပေဟောပြောပွဲတွင် စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)နှင့် စာရေးဆရာမ နုနုရည် (အင်းဝ)တို့မှ အသိပညာဗဟုသုများ တိုးပွားစေရာ စာပေရေးရာများကို ဟောပြောသွားမည်ဖြစ်ပြီး ဒေသခံကဗျာဆရာများမှလည်း သုတ ရသ စာပေရေးရာများကို ဟောပြောသွားမည်ဖြစ်ကြောင်း သိရသည်။

 


နန်းထိုက် (KGD)

 

အ့ါ