ကြံခင်းမြို့နယ် မြို့မဈေးနှင့်ဘက်ရဲဈေးတို့ရှိ ပျံကျဈေးသည်များယာယီသတ်မှတ်နေရာတွင် စတင်ဖွင့်လှစ်ရောင်းချ

ကြံခင်း        ၂၀    ဧပြီ    
    
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် မြို့မဈေးနှင့် ဘက်ရဲဈေးတို့ရှိ ပျံကျဈေးသည်များသည် ယာယီဈေးဖွင့်လှစ်ထားသော သတ်မှတ်နေရာများတွင် ယနေ့နံနက် ၅ နာရီက စတင်ဖွင့်လှစ် ရောင်းချလျက်ရှိကြောင်း သိရသည်။

အဆိုပါ ယာယီဈေးသတ်မှတ်နေရာများဖြစ်သည့် ကြံခင်းမြို့ အထကကျောင်းရှေ့ ဘောလုံးကွင်းနှင့် အထကကျောင်းရှေ့ ဘောလုံးကွင်းများတွင် ပျံကျဈေးသည်ဈေးဝယ်များ စည်းကမ်းတကျရောင်းချ ဝယ်ယူကြရန်၊ ဈေးဝယ်လာသူများ လက်စနစ်တကျဆေးရန် လက်ဆေးဘေစင်တွင်လက်ဆေးရန်၊ ပြည်သူများ နှာခေါင်းစည်း Mask များတပ်ပြီး ဝယ်ယူနိုင်ရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာနမှ  မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးကျော်ကျော်လွင်နှင့် တာဝန်ရှိဝန်ထမ်းများ၊  မြို့နယ်စည်ပင်သာယာရေးကော်မတီဉက္ကဌ ဉီးမျိုးမြင့် မြို့နယ်အမှုဆောင်အရာရှိ ဉီးဌေးမြင့်အောင်နှင့် ဝန်ထမ်းများက ဈေးရောင်း၊ဈေးဝယ်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်မှု အန္တရာယ်မှ ကင်းဝေးစေရေးအတွက် နှာခေါင်းစည်း Mask များအား ဖြန့်ဝေပေးကြောင်းနှင့် မြို့နယ်စည်ပင်သာယာရေးက သတ်မှတ်ထားသော စည်းကမ်းများ လိုက်နာနိုင်ရန်အတွက် စည်ကမ်းချက် ဗီနိုင်းများ ၊ အမှိုက်စွန့်ပစ်ရန်နေရာများအား သတ်မှတ်နေရာတွင် စွန့်ပစ်ရန် နှိုးဆော်ခဲ့ကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)