ကနီမြို့နယ်၌ စိုက်ပျိုးရေပေးဝေရာတွင် အသုံးပြုရန် ဒီဇယ်ရေစုပ်စက်အင်ဂျင်၊ ပန့်နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ကနီ   ၂  မတ်   

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အတွင်းရှိ ကျွန်းပင်အိုင်ကျေးရွာအုပ်စု၊ ဝင်မနားကျေးရွာအုပ်စုနှင့် ဘုတ်ကုန်း ကျေးရွာအုပ်စု  သုံးအုပ်စုအား စိုက်ပျိုးရေးလုပ်ငန်းများတွင် စိုက်ပျိုးရေပေးဝေရာတွင် အသုံးပြုနိုင်ရန် ဒီဇယ်ရေစုပ်စက်အင်ဂျင်၊ ပန့်နှင့် ဆက်စပ်ပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ နာရီခွဲက ဘုတ်ကုန်းကျေးရွာ ၌  ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ကနီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်က ကျေးရွာသုံးရွာအား စိုက်ပျိုးရေးသုံး ရေစုပ်စက်နှင့် ပန့်များရရှိခြင်းကြောင့် ကျေးရွာများအနေဖြင့် ရရှိလာသောစက်များကို စနစ်တကျ အသုံးပြုဆောင်ရွက်နိုင်ရေး ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ယင်းမာပင်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်သန်းက မိမိတို့ဌာနမှ ရေစုပ်စက်များ ထုတ်ပေးရခြင်းနှင့်ပတ်သက်၍ တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများမှာ ရေအခက်အခဲဖြစ်ပေါ်လာပါက အထောက်အကူ ဖြစ်စေရန်အတွက် ဒီဇယ်ရေစုပ်စက် အင်ဂျင်၊ ပန့်နှင့် ဆက်စပ်ပစ္စည်းများကို ယခုလို ထုတ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

သန်းဌေးအောင်(ကနီ)