ကနီမြို့အနီး  အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခုလှုပ်ရှား

ဒီဇင်ဘာ   ၁၀

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅)နာရီ၊ (၀၂)မိနစ်၊ (၅၁)စက္ကန့် အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၆၅)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကနီမြို့၏ မြောက်-အနောက်မြောက်ဘက် (၆)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၅၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၈၂)ဒီဂရီ၊ အနက် (၁၁၈)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

မိုး/ဇလ