ကွန်ဟိန်းမြို့၌ Mask ဝတ်ဆင်သွားလာခြင်းမရှိသူများထံမှ ကောက်ခံရရှိသော ဒဏ်ငွေများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီသို့ လှူဒါန်း

ကွန်ဟိန်း၊ ၁၈ ဒီဇင်ဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ Mask ဝတ်ဆင်သွားလာခြင်း မရှိသူများထံမှ ကောက်ခံရရှိသော ဒဏ်ငွေများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီသို့ လှူဒါန်းခြင်းအား ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ကွန်ဟိန်းတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့သည်။

 

ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် Mask Campaign များပြုလုပ်ခြင်း၊ Mask ဝတ်ဆင်သွားလာခြင်းမရှိသူများအား ဒဏ်ငွေ ၂၀၀ ကျပ် ကောက်ခံ၍ Mask တစ်ခုဖြင့် လဲလှယ်ပေးခြင်းများအား ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ဆောင်ရွက်ရာမှ ကောက်ခံရရှိသော ငွေကျပ် တစ်သိန်းအား မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီသို့ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ လှူဒါန်းခြင်းအား မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်ဦးစီးမှူး ဦးခင်မောင်စိုးနှင့် ဝန်ထမ်းများ၊ ဒုတိယရဲအုပ် စောနိုင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ တပ်ကြပ်ကြီး ရဲမင်းဌေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထွန်းနှင့် ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း အဖွဲ့ခေါင်းဆောင် ဦးသိန်းလင်းအောင်နှင့် အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)