ကင်မရာ ၁၇ လုံးပါဝင်သော ၃၆၀ ကင်မရာကို ဆမ်ဆောင်းမိတ်ဆက်

၂၁ အောက်တိုဘာ 


ပါဝင်သော ကင်မရာ ၁၇ လုံးကို နှစ်လုံး တစ်တွဲစီ စုဖွဲ့တပ်ဆင်ပေးထားပြီး ထိပ်ပိုင်းတွင် ကင်မရာတစ်လုံး ပါဝင်ကာ ၎င်းကင်မရာမှ ၃၆၀ ဒီဂရီဖြင့် ရိုက်ကူးထားသော ရုပ်သံများကို 4k အရည်အသွေး 3D ပုံစံဖြင့် ပြန်လည်  ထုတ်လွှင့်ပေးနိုင်ကြောင်း သိရသည်။


အလေးချိန်  ၂ ကီလိုဂရမ် ရှိသော အဆိုပါ ၃၆၀ ကင်မရာတွင် အသံဖမ်း မိုက်ခရိုဖုန်း ခြောက်လုံး ပါဝင်ပြီး အဝေးမှ အသံများကို ကြည်လင်ပြတ်သားစွာ ဖမ်းယူကာ အရည်အသွေးမြင့် အသံများ ပြန်လည်ထုတ်လွှင့်ပေး နိုင်မည်ဟ ုသိရသည်။


တပ်ဆင်ထားသော ကင်မရာ ၁၇ လုံးမှာ 2MP နှင့် 1.8 ပမာဏ ပါဝင်ပြီး 10 GB RAM (LPDDR3) ထည့်သွင်းပေးထားသောကြောင့် ကြီးမားသည့် ရုပ်သံဖိုင်များကို ကူးပြောင်းရာတွင် အထောက်အပံ့ ပေးသွားမည်ဖြစ်သည်။
ရေစိုစွတ်မှု ကာကွယ်ပေးခြင်းနှင့် ဖုန်နှင့် အညစ်အကြေး စွန်းထင်းထိခိုက်မှုများ ကာကွယ်ပေးရန်၊ IP65 ပမာဏ ရှိသည့် စွမ်းဆောင်ရည်များ ပါဝင်ကာ နည်းပညာမြင့်သော ၃၆၀ ကင်မရာ အမျိုးအစား တစ်မျိုးဖြစ်သည်။


လာမည့်လအတွင်း အမေရိကန်နိုင်ငံတွင် စတင် ရောင်းချသွားဖွယ် ရှိသော်လည်း ဈေးနှုန်းအတိအကျကို ဆမ်ဆောင်းမှ တရားဝင် ထုတ်ဖော် ပြောကြားထားခြင်း မရှိသေးကြောင်း သိရသည်။ 


ALEX