ကျွန်းစု၌ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာစီစာကုံးပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲ ကျင်းပ

ကျွန်းစု   ၁၉   နိုဝင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ (Community Centre)ခန်းမ၌ နိုဝင်ဘာလ(၁၈)ရက် မွန်းလွဲ ၁နာရီက (၉၉)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အကြိုစာစီစာကုံးပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်ပြန်/ဆက်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးသန္တာဖြိုးက  ကျောင်းသား/ ကျောင်းသူများကို အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် ယခုလို စာအုပ်ပြပွဲ၊ နံရံစာစောင်နှင့် စာအုပ်စာစောင်ပြပွဲတို့ ကျင်းပပြုလုပ်ရခြင်းမှာ ကျောင်းစာအပြင် အခြားပြင်ပ စာပေအသိဉာဏ်တိုးပွားစေရန်နှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်ပြီး စီစဉ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် စာစီစာကုံးပြိုင်ပွဲကိုကျင်းပရာ ပြိုင်ပွဲတွင် အ.ထ.က ကျွန်းစုကျောင်းမှ ကျောင်းသား/ ကျောင်းသူ (၂၆)ဦးက “အမျိုးသားအောင်ပွဲနေ့ တို့မမေ့ ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင် ကြပြီးနောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်နှင့် သုတရသ စာအုပ်စာစောင်များကို လေ့လာဖတ်ရှု မှတ်သားခဲ့ကြသည်။

 

ယင်းနောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ဆုရရှိသူများကို မြို့နယ်ပြန်/ဆက်ဦးစီးမှူးနှင့် တာဝန်ရှိသူ များက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

စည်သူရအောင်(ကျွန်းစု)