ကျွန်းစု ၁၃ ဧပြီ

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရှိ ရပ်ကွက်များအတွင်း နေထိုင်ကြသည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆားတို့ကို ယမန်နေ့ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သီဟနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ကျွန်းစုမြို့၌ မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက် အိမ်ထောင်စု (၈၂၆)စုရှိပြီး အခြေခံလူတန်းစား အိမ်ထောင်စု (၅၃၅)စုမှ လူဦးရေ စုစုပေါင်း (၃၁၃၀)ဦးအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ (၅၀)ကျပ်သား၊ ဆား (၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန် (၁)ပိဿာ ထောက်ပံ့ကူညီမှု (၅)မျိုးမှ ဆန်၊ ဆီ၊ ဆားတို့အား အိမ်တိုင်ရာအရောက် လိုက်လံထောက်ပံ့ပေးပြီး ကျန်ရှိနေသော ပဲနှင့်ကြက်သွန်တို့ ရရှိပါက ရပ်ကွက်/ကျေးရွာများသို့ ဆက်လက်ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။

 

စည်သူရအောင်(ကျွန်းစု)