ကျွန်းစုမြို့နယ် အခြေခံပညာ ကျောင်းပေါင်းစုံ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

ကျွန်းစု သြဂုတ် ၂၀


တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ ကျင်းပသော မြို့နယ်ပညာရေမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို သြဂုတ်လ ၁၉ ရက် မွန်းလွဲ ၃ နာရီခွဲက ကျွန်းစုမြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။ 


ဗိုလ်လုပွဲအဖြစ် သဇင်အသင်းနှင့် ကျွန်းစုအသင်းတို့ ယှဉ်ပြိုင်ကစားကြပြီး သဇင်အသင်းမှ လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပရာ မြို့နယ်ပညာရေးမှူး ဒေါ်မြဝင်းနှင့် တာဝန်ရှိသူများက ဆုဖလားနှင့် နေရာအလိုက် အကောင်းဆုံးရရှိသူများကို ဆုများအသီးသီး ပေးအပ် ချီးမြှင့်ကြသည်။


အဆိုပါဘောလုံးပြိုင်ပွဲကို  သြဂုတ်လ ၁၅ ရက်မှ ၁၉ ရက်ထိ ကျင်းပခဲ့ပြီး  အခြေခံပညာကျောင်းများမှ အသင်း(၆)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


စည်သူရအောင်(ကျွန်းစု)