ကန့်ဘလူ ၂၅ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် အသီးအနှံများ၊ ပန်းမန်များကို တစ်ပိုင်တစ်နိုင်စိုက်ပျိုး ရောင်းချသူများအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေများရရှိကာ မိသားစုစားဝတ်နေရေး အထောက်အကူပြုလျက်ရှိကြောင်း သိရပြီး စိုက်ပျိုး ရောင်းချနေသည့် သီးနှံများအနက် ကီလိုမာလကာပင်သည်လည်း အပါအဝင်ဖြစ်ကြောင်း စိုက်ပျိုးရောင်းချသူများထံမှ သိရသည်။
ကီလိုမာလကာပင်များကို စစ်ကိုင်း၊ ညောင်ပင်ဝန်း တို့မှ မျိုးများကိုဝယ်ယူကာ စိုက်ပျိုးခြင်းဖြစ်ပြီး တစ်နှစ်သားတွင် အသီးများသီး၍ စတင်ရောင်းချနိုင်ပြီး နှစ်နှစ်သားဆိုပါက အသီးများမှာလည်း ပိုမိုသီးကာ တစ်လုံးကို ၂၀ဝ ကျပ် ဖြင့်ရောင်းချရကြောင်း သိရသည်။
အလုံးအကြီးအသေးပေါ်မူတည်ကာ ဈေးနှုန်းကွာခြားကြောင်း၊ တစ်ဧကတွင် အပင် ၃၅၀/၄၀ဝ ကျော် စိုက်ပျိုးနိုင်ပြီး မိသားစုတစ်စုအနေဖြင့် ကီလိုမာလကာပင် တစ်ဧကခန့် စိုက်ပျိုးထားပါက နေ့စဉ်ဝင်ငွေ ကျပ် ၂၀ဝ၀ဝ/၃၀ဝ၀ဝ ခန့် ရနိုင်ကြောင်း ကိုယ်တိုင် စိုက်ပျိုးရောင်းချသူ အမှတ်(၃)ရပ်ကွက်နေ တောင်သူ ဦးစိုးဝင်းက ပြောသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


