ကန့်ဘလူမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကားလမ်းမပေါ် ရေကျော်

ကန့်ဘလူ    စက်တင်ဘာ        ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စက်တင်ဘာ ၁၈ ရက် ည ၁၁ နာရီခန့်မှစတင်၍ မိုးများသည်းထန်းစွာ ရွာသွန်းခဲ့မှုကြောင့် မြောက်ချောင်းရေပြည့်ရေလျှံကာ ကန့်ဘလူ- ကျွန်းလှ လမ်းပိုင်း ကန့်ဘလူမြို့နယ် လိတ္ထူကျေးရွာ မြောက်ဘက် မိုင်တိုင်အမှတ် ၁၉ /၄ နှင့် ၁၉ /၆ အကြား ကာလမ်းမပေါ် ရေကျော်လျက်ရှိကြောင်း သိရသည်။
 
အဆိုပါ ရေကျော်မှုကြောင့် ခရီးသွားပြည်သူများ၏ ကားများ၊ ဆိုင်ကယ်များ ဖြတ်သန်း သွားလာနိုင်ရေး ဒေသခံပြည်သူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ခရိုင်နှင့် မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများကလည်း ရေကျော်မှုကင်းဝေးစေရန် တံတားတည်ဆောက်နိုင်ရေး မြေနေရာ များ ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)