ကန့်ဘလူမြို့ ပြည်သူ့ဝန်ဆောင်မှုရုံး၌ ယာဉ်လိုင်စင်နှင့် အမောင်းသင် လိုင်စင်များ နေ့ချင်းပြီး ဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) တွင် မော်တော်ယာဉ်၊ ဆိုင်ကယ်သက်တမ်းတိုးခြင်း၊ ယာဉ်မောင်းလိုင်စင် ပြုလုပ်ပေးခြင်းနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းများကို ရွှေဘိုခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒီဇင်ဘာ ၁၅ ရက်က နေ့ချင်းပြီး ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါအဖွဲ့မှ ယာဉ်သက်တမ်းတိုး၊ အမောင်းသင်လိုင်စင် လာရောက်ပြုလုပ်သူများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပတ်သတ်သည့် စည်းကမ်းချက်များ၊ ယာဉ်မောင်းများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကိုပါ အသေးစိတ်ရှင်းလင်း ပြောကြားပေးပြီး မော်တော်ယာဉ် သက်တမ်းတိုး ၁၅ စီး၊ မော်တော်ဆိုင်ကယ် သက်တမ်းတိုး ၁၄၀ စီးနှင့် မော်တော်ဆိုင်ကယ် မောင်းလိုင်စင် "က" ၆၄ ဦး၊ အမောင်းသင်လိုင်စင် ၃၂ ဦးတို့အား နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)