ကွမ်းလုံမြို့နယ်၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ကွမ်းလုံ  ဇူလိုင်  ၃၁

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်တွင် အသက် (၆၅)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက ကွမ်းလုံမြို့ ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက  အသက် (၆၅) နှစ်နှင့်အထက် ပြည်သူ(၂၄)ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ  ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များက  လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို ကူညီပံ့ပိုး ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)