ကွမ်းလုံမြို့နယ် ယာယီစောင့်ကြည့်ရေးစင်တာ၌ တရုတ်နိုင်ငံမှ နေရပ်ပြန်ပြည်သူ (၈၉)ဦး ရောက်ရှိ

ကွမ်းလုံ  ၁၀  ဧပြီ

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့၊ တရုတ်နိုင်ငံ နယ်စပ်ဝင်ပေါက်မှ ပြန်လည်ဝင်ရောက် လာသည့် နေရပ်ပြန်ပြည်သူ(၈၉)ဦးအား ကွမ်းလုံမြို့နယ် Facility Quarantine ကြိုတင်ဆောင်ရွက် ထားသည့် လူငယ်သင်တန်းကျောင်း(နတလ)၌ ယမန်နေ့ ည ၇ နာရီခွဲ က လွဲပြောင်းလက်ခံခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပြည်ပမှဝင်ရောက်လာသူ နေရပ်ပြန်ပြည်သူ(၈၉)ဦးအား ကွမ်းလုံစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မြင့်ဇော်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇေယျတို့ ဦးဆောင်သည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများက နွေးထွေးစွာ ကြိုဆိုခဲ့ကြပီး Quarantine(၁၄)ရက်အတွင်း ကျန်းမာရေးစစ်ဆေးမှုအခြေအနေများ၊ လိုက်နာရမည့် စည်းကမ်းများနှင့် နေထိုင်စားသောက်ရန်အတွက် စီမံဆောင်ရွက်ထားသည့် အခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းပြောကြားသည်။

 

2004

 

ဆက်လက်ပြီး နေရပ်ပြန်ပြည်သူ(၈၉)ဦးအား ကျန်းမာရေးစစ်ဆေးမှုများ၊ ကိုယ်ရေးအချက်အလက် စာရင်းများ ကောက်ယူခြင်းနှင့် အုပ်ချုပ်မှုဆိုင်ရာ စီမံဆောင်ရွက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီး သတ်မှတ် နေရာများတွင် စီစဉ်ချမှတ်ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ နေရပ်ပြန်ပြည်သူ(၈၉)ဦးတွင် အမျိုးသား(၆၆)ဦး၊ အမျိုးသမီး(၂၃)ဦးဖြစ်ပြီး ကိုယ်ရေး အချက်အလက်စစ်တမ်း ကောက်ချက်အရ တရုတ်နိုင်ငံ၊ ရှန်တုံပြည်နယ်မှ လာသူများဖြစ်ကြောင်း သိရသည်။

                                                                                                           

မိုင်းခိုင်ဇော်(ကွမ်းလုံ)