ကမ္ဘောဒီးယားဝန်ကြီးချုပ်က သူ့သားတွေအား ရာထူး တိုးပေးမှုအပေါ် ကာကွယ်ပြောဆို

၈ နိုဝင်ဘာ

 

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ သားတွေအား ရာထူး တိုးပေးမှုအပေါ် ဝေဖန်ပြောဆိုမှု ထွက်ပေါ်နေပါတယ်။ အခုလို ရာထူးတိုးပေးတာက ဟွန်ဆန်ရဲ့ အာဏာကို ခိုင်မာလာအောင် လုပ်ဆောင်နေတယ်လို့ ဝေဖန်ပြောဆိုမှုတွေအပေါ် ဝန်ကြီးချုပ်က ရှုတ်ချလိုက်ပါတယ်။ 

 

ဟွန်ဆန်က “ကျနော်ရဲ့ သားတွေကလည်း လူသားတွေဖြစ်တယ်။ ကမ်ဘောဒီးယား နိုင်ငံသားတွေဖြစ်တယ်၊ သူတို့ဟာ နိုင်ငံရပ်ခြားမှာ ပညာတွေသင်ယူပြီး ဘွဲ့လွန်ဒီဂရီတွေလည်း ရခဲ့တယ်။ လူတွေက ပြောကြတယ် ဒါဟာ အာဏာကို ခိုင်မာအောင်လုပ်တယ် ပြောကြတယ်။ သူတို့ကို ဘာအတွက် ကျနော်တို့က သင်ပေးရမလဲ” လို့ ဝေဖန်သူတွေကို တုန့်ပြန်လိုက်ပါတယ်။ 

 

ဟွန်ဆန်ဟာ သူ့ရဲ့သားကြီး ဟွန်မနက် ကို စက်တင်ဘာလက ကမ်ဘောဒီးယား စစ်တပ်ရဲ့ အကြီးအကဲရာထူးအပြင် ကြည်းတပ်ရဲ့ အကြီးအကဲအဖြစ်ပါ ရာထူး တိုးပေးလိုက်ပါတယ်။ ဟွန်မနက် ဟာ အမေရိကန် စစ်တက္ကသိ်ုလ် West Point ကနေ ဘွဲ့ရသူတစ်ဦး ဖြစ်ပါတယ်။ 

 

ဟွန်ဆန်ရဲ့ ဒုတိယသားဖြစ်သူ ဟွန်မနစ် က စစ်ထောက်လှမ်းရေး အကြီးအကဲဖြစ်ပြီး အငယ်ဆုံးသား ဟွန်မနီ က လွတ်တော်အမတ် ဖြစ်ပါတယ်။ ဟွန်မနီဟာ အာဏာရပါတီရဲ့ လူငယ်လှုပ်ရှားမှုတွေကို လေ့လာစောင့်ကြည့်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ 

 

MDN
ကိုးကား- AFP