ကမ္ဘောဒီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၃၀၀၀ ကျော်ရှိလာ

ဒီဇင်ဘာ ၁၇

 

ကမ္ဘောဒီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် သုံးဦးထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူ ၃၀၀၁ ဦးအထိမြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ရှစ်ဦးထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၁၂၀၄၀၅ ဦးအထိရှိလာကြောင်း ဖော်ပြထားသည်။

 

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူပေါင်း ၁၁၆၇၇၁ ဦးရှိသည်။

 

တရုတ်နိုင်ငံက လှူဒါန်းသော ကိုဗစ်ကာကွယ်ဆေးများဖြင့် ကာကွယ်ဆေးထိုးနှံမှုကို ဖေဖော်ဝါရီလက စတင်လုပ်ဆောင်ခဲ့သည်။

 

ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်တွင် တရုတ်နိုင်ငံကထုတ်လုပ်သော ဆီနိုဗက်နှင့်ဆီနိုဖန်း ကာကွယ်ဆေးများကိုအများဆုံးထိုးနှံမှုခံယူခဲ့ကြသည်။

 

လူဦးရေ ၁၆ သန်းရှိသည့်အနက် ၁၄ ဒသမ ၂၂ သန်းသည် ကာကွယ်ဆေးတစ်ကြိမ်ထက်မနည်း ထိုးနှံခဲ့ပြီး ဖြစ်သည်။ ၎င်းတို့အနက် ၁၃ ဒသမ ၅၈ သန်းသည် ကာကွယ်ဆေးအပြည့်အဝထိုးနှံခဲ့ပြီး ၂ ဒသမ ၉၇ သန်းသည် ကိုဗစ်အားဖြည့်ကာကွယ်ဆေးထိုးနှံမှုခံယူပြီးဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို