ကမ္ဘောဒီးယားနိုင်ငံက ယခုနှစ် ပထမ ခုနစ်လတာကာလအတွင်း နိုင်ငံတကာ ခရီးသွား ၇၄၀၀၀၀ ကျော်ကို ဆွဲဆောင်နိုင်ခဲ့

 

ဖနောင်ပင် ဩဂုတ် ၂၁

 

ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၂ ခုနှစ် ပထမ ခုနစ်လအတွင်း နိုင်ငံတကာခရီးသွား ၇၄၀၀၀၀ ကျော်ကို ဆွဲဆောင်ခဲ့ပြီး အဆိုပါ အရေအတွက်သည်  ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅၆ ရာခိုင်နှုန်း တိုးတက်မှုရှိလာကြောင်း ကမ္ဘောဒီးယား ခရီးသွားလာရေးဝန်ကြီးဌာနကယနေ့‌ သတင်းထုတ်ပြန်သည်။

 

နိုင်ငံအတွင်း လူမှုစီးပွားလုပ်ငန်း အားလုံးကို ပြန်လည်ဖွင့်လှစ်လိုက် သည့်အတွက် မြို့တော်ဖနောင်ပင် ရှိ  ယဉ်ကျေးမှုဆိုင်ရာဒေသဖြစ် သည့်  Siem  Reap နှင့် Preah Sihanouk ကမ်းရိုးတန်းဒေသရှိ အဓိက ခရီးသွားနေရာအချို့၌ ကမ္ဘာလှည့်ခရီးသွားအများအပြားလာရောက်ကြောင်း  ခရီးသွားလာ ရေးဝန်ကြီး သွမ်ခွန်က ပြောကြား ခဲ့သည်။

 

ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း  အိမ်နီးချင်း ဗီယက်နမ် နိုင်ငံမှ  လာရောက်သူ အများဆုံး ဖြစ်ပြီး ထိုင်းနှင့် တရုတ်နိုင်ငံတို့က ဒုတိယအများဆုံးဖြစ်သည်။

 

၂၀၂၂ ခုနှစ်အတွင်း နိုင်ငံတကာ ခရီးသွား တစ်သန်းကျော်လာရောက်ရန် ကမ္ဘောဒီးယားနိုင်ငံက မျှော်မှန်းထားသည်။ အဆိုပါ မျှော်မှန်းအရေအတွက်သည် ၂၀၂၁  ခုနှစ်အတွင်း လာရောက်သည့် ခရီးသွားအရေအတွက်ထက် ၂၀၀၀၀၀ သာ ပိုမိုများပြားကြောင်း သိရသည်။

 

ထို့ပြင်  ၂၀၂၃ ခုနှစ်တွင် နိုင်ငံတကာခရီးသွား  နှစ်သန်း ကျော်လာရောက်ရန် မျှော်မှန်းထားကြောင်းနှင့်  ၂၀၂၆  ခုနှစ်နှင့် ၂၀၂၇ ခုနှစ်အတွင်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမတိုင်မီကာလ က အရေအတွက်ကို ပြည့်မီသွား မည်ဖြစ်ကြောင်း  ကမ္ဘောဒီးယား ခရီးသွားလာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

ကိုဗစ်-၁၉ ရောဂါ  ကူးစက်မှု မဖြစ်ပွားမီကာလက ကမ္ဘောဒီးယားနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် အရေအတွက် ၆ ဒသမ ၆ သန်း လာရောက်ခဲ့ပြီး အမေရိကန် ဒေါ်လာ  ၄  ဒသမ ၉၂ ဘီလီယံ ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။

 

ခရီးသွား လုပ်ငန်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေး ကို ထောက်ပံ့ပေးသည့် မဏ္ဏိုင် လေးခုအနက် တစ်ခုအပါအဝင် ဖြစ်သည်။        

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်