ကမ္ဘောဒီးယားနိုင်ငံက ရေဘေးသင့်ပါကစ္စတန်နိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးအပ်

ဖနောင်ပင်    စက်တင်ဘာ    ၆

 

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၏ အလှည့်ကျဥက္ကဋ္ဌ နိုင်ငံဖြစ်သည့်    ကမ္ဘောဒီးယားနိုင်ငံက ရေဘေးသင့်ပါကစ္စတန်နိုင်ငံသို့  လူသားချင်းစာနာ ထောက်ထားမှု အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၅၀၀၀၀ ပေးအပ်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ချွမ်ဆောင်နရီက စက်တင်ဘာ ၅ ရက်တွင် ပြောကြားသည်။

 

ဆိုပါလူသားချင်းစာနာထောက်ထားမှု အထောက်အပံ့သည် ပါကစ္စတန်နိုင်ငံအတွက်    နိုင်ငံတကာ သွေးစည်းညီညွတ်သောစိတ်ဓာတ်ကို  ပြသခြင်းဖြစ်ကြောင်း  ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ချွမ်ဆောင်နရီက သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားသည်။

 

ယခုတစ်ကြိမ်သည် ရေကြီးရေလျှံမှုဒဏ် ခံခဲ့ရသည့် ပါကစ္စတန်နိုင်ငံသို့  ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ဒုတိယအကြိမ်  လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ပေးအပ်ခြင်းဖြစ်ပြီး အလားတူရေကြီး ရေလျှံမှုဖြစ်ပေါ်ခဲ့သည့်  ၂၀၁၀  ပြည့်နှစ်အတွင်းကလည်း  ပါကစ္စတန်နိုင်ငံသို့ အမေရိကန်ဒေါ်လာ  ၅၀၀၀၀  ကို  ပထမအကြိမ်အဖြစ် ပေးအပ်ခဲ့ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာန  ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။

 

ပါကစ္စတန်အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့က စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ ဇွန်လလယ် နောက်ပိုင်းမှစတင်ကာ ဖြစ်ပေါ်ခဲ့သည့်  မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူပေါင်း ၁၂၉၀ နှင့်  ဒဏ်ရာရရှိသူပေါင်း ၁၂၅၈၈  ဦး ရှိကြောင်း သိရသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အလင်းသစ်