ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဗီယက်နမ် သို့ သွားရောက်မည်

၄ ဒီဇင်ဘာ

 

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဆမ်ဒက် တီချို ဟွန်ဆန် သည် ဗီယက်နမ် ဝန်ကြီးချုပ် ငုယင်ချောင်ဖု ဖိတ်ကြားချက်အရ  ဒီဇင်ဘာ ၆ ရက်နေ့မှ ၈ ရက်နေ့ထိ ဗီယက်နမ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း  ပြည်တွင်းမီဒီယာက ယနေ့ သတင်းဖော်ပြထားသည်။

 

၁၉၆၇ ခုနှစ် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး တည်ဆောက်ပြီးချိန်မှစပြီး ဗီယက်နမ်နိုင်ငံနှင့် ကမ္ဘောဒီးယား နိုင်ငံတို့သည်  ရာထူးအဆင့်အလိုက်အပြန်အလှန် သွားရောက် လည်ပတ်မှုများပြုလုပ်ခဲ့ကြောင်း  ဗီယက်နမ် ထုတ် နေ့စဉ်သတင်းစာများက ဖော်ပြခဲ့သည်။

 

ဟွန်ဆန် သည် ငုယင် နှင့်အတူ ဆွေးနွေးပွဲများပြုလုပ်ရန် စီစဉ်ထားပြီးနောက်  ဗီယက်နမ်ဗဟိုကော်မတီ၏ ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း၊ ၇ ရက်နေ့တွင်  ဗီယက်နမ် သမ္မတ ငုယင်ဖုသောင်၊ ၈ ရက်နေ့တွင် ဗီယက်နမ် အမျိုးသား ညီလာခံ ဥက္ကဋ္ဌ ငုယင် သီကင် နမ် တို့နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန  သတင်းများအရ သိရသည်။

 

ကိုးကား  ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို