ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို တို့ကမ္ဘာမြေ ရေရှည်တည်တံ့စေဖို့ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝပတ်ဝန်းကျင်တို့ကို အချိန်မီထိန်းသိမ်းကြစို့ ဆောင်ပုဒ်ဖြင့် ကျင်းပမည်

နေပြည်တော် ၃၀ မေ

 

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် Digital Campaign တစ်ရပ်အား တို့ကမ္ဘာမြေ ရေရှည်တည်တံ့စေဖို့ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝပတ်ဝန်းကျင်တို့ကို အချိန်မီထိန်းသိမ်းကြစို့ ဆောင်ပုဒ်ဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက ကျင်းပသွားမည် ဖြစ်သည်။

 

အဆိုပါအစီအစဉ်တွင် FM Radio လိုင်းမှတစ်ဆင့် ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးခြင်း၊ WED 2020 Quiz (Facebook Live) မေး/ဖြေ တိုက်ရိုက်ထုတ်လွှင့်ပြသခြင်းနှင့် ဆုချီးမြှင့်ခြင်း အစီအစဉ်တို့အား ကျင်းပသွားမည်ဖြစ်ပါ၍ ပါဝင်ယှဉ်ပြိုင်နိုင်ပါရန်နှင့် အသေးစိတ် အချက်အလက်များ သိရှိလိုပါက ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီး ဌာန Website ဖြစ်သော www.ecd.gov.mm နှင့် facebook page Environmental Conservation Department-ECD တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

 

Digital Campaign နှင့်အတူ အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု (National clean and Green School Award) ချီးမြှင့်ခြင်းနှင့် အိမ်တိုင်ရာရောက် ပျိုးပင်များဖြန့်ဝေ၍ သစ်ပင်စိုက်ပျိုးခြင်း အစီအစဉ်တို့ကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်