ကမ္ဘာ့ပဋိဇီဝဆေးဆိုင်ရာ အသိပေးရက်သတ္တပတ် (WAAW) အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မန္တလေး  ၁၈   နိုဝင်ဘာ 

ကမ္ဘာ့ပဋိဇီဝဆေးဆိုင်ရာအသိပေးရက်သတ္တပတ် (WAAW)  အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ Hotel Sakura Princess တွင်ကျင်းပသည်။

 

ေ

 

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်က ယခုအချိန်တွင် တစ်ကမ္ဘာလုံးတွင် ပဋိဇီဝဆေး မတိုးသော ရောဂါပိုးကြောင့် သေဆုံး မှုနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ခုနစ်သိန်းရှိခဲ့ပြီး ၂၀၅၀ ပြည့်နှစ်တွင် သိန်း၁၀ဝအထိ မြင့်တက်လာနိုင်သည်ဟု ပညာရှင်များက သုံးသပ်ထားပါကြောင်း။

ပဋိဇီဝဆေးဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှုပိုစတာများ၊လက်ကမ်းစာစောင်များ ဖြန့်ဝေ သွားမည်ဖြစ်ပြီး သတင်းစာများ၊ ဂျာနယ်များ၊ ရေဒီယို၊ ရုပ်မြင်သံကြားအစီအစဉ် များ နှင့် websites များ၊ Blog များတွင်ပါပဋိဇီဝဆေးဆိုင်ရာအသိပညာပေးကဏ္ဍများ ထည့်သွင်းရေးအတွက် media များနှင့် ကျန်းမာရေးဝန်ထမ်းများ  ပူးပေါင်းဆောင်ရွက် ရန် လိုအပ်ပါကြောင်းပြောကြားသည်။

ဆက်လက်၍ အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ်(ဓာတ်ခွဲ) က အမှာစကားပြော ကြားသည်။

ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ National Technical Officer (AMR) ဒေါက်တာဇာဇာနိုင် က ဒေသတွင်းနှင့် ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားလျှက်ရှိသည့် ပဋိဇီဝ ဆေးယဉ်ပါးမှုဖြစ်ပွားမှု အခြေအနေ (AMR Situation on Global and Regional)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေး အတွက်ဆောင်ရွက်လျှက် ရှိသောလုပ်ငန်းများ၊ မြန်မာနိုင်ငံအတွက် ကူညီဆောင်ရွက်ပေးနေမှု အခြေအနေ ရှင်းလင်းတင်ပြသည်။

 

ေ

 

ယင်းနောက် ဖျော်ဖြေရေးအကအဖွဲ့များမှ ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေး အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသော Key Message များကိုင်ဆောင်၍ ကပြဖျော်ဖြေကြပြီး တက်ရောက်လာကြသော ဧည့်သည်တော်များက ခင်းကျင်း ပြသ ထားသောပြခန်းငယ်အား လှည့်လည်ကြည့်ရှုကြသည်။

အခမ်းအနား ဒုတိယ အပိုင်းတွင်း တာဝန်ရှိသူများက Antimicrobial Resistance နှင့်ပတ်သက်၍ One Health Approach ရှုထောင့်မှ ဝိုင်းဖွဲ့ဆွေးနွေးခြင်းတို့ကို ပြုလုပ် ကြသည်။ 

၂၀၁၉ ခုနှစ် ကမ္ဘာ့ပဋိဇီဝဆေးဆိုင်ရာအသိပေးရက်သတ္တပတ် (WAAW) သည် နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်အထိဖြစ်ပြီး ရန်ကုန်မြို့တွင်လည်း နိုဝင်ဘာလ ၂၂ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)