ကမ္ဘာ့ဖလားမှာ အသုံးပြုမည့်ဘောလုံးအား နိုင်ငံတကာ အာကာသအခြေစိုက်စခန်းသို့ သယ်ဆောင်

မော်စကို ၂၂ မတ်

 

ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့က ရုရှားနိုင်ငံ ကာဇက်စတန်ရှိ ဘိုက်ကီနာ ကော့စမိုဒ်ရွမ် အာကာ သယာဉ်ပစ်လွှတ်ရေး စင်တာကနေ Soyuz MS-08 အာကာသ လွန်းပျံယာဉ်ကို နိုင်ငံတကာ အာကာသအခြေစိုက် စခန်းသို့ ပစ်လွှတ်ခဲ့ကြောင်း ဆင်ဟွာ သတင်းတစ်ရပ်အရ သိရပါတယ်။ 

 

အာကာသယာဉ်နဲ့အတူ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ အသုံးပြုမယ့် ဘောလုံးကို ယူဆောင်သွားပြီး ဇွန်လမှကျင်းပမယ့် ပထမဆုံး ပွဲစဉ်အမီ ကမ္ဘာမြေကို ပြန်ယူလာနိုင်ဖို့ စီစဉ်ထား ကြောင်း သိရပါတယ်။

 

အာကာသယာဉ်ကို ပတ်လမ်းထဲထိ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး နိုင်ငံတကာ အာကာသအခြေစိုက်စခန်းရှိ ရုရှားအာကာသစခန်းမှာ ခြေစိုက်မှာဖြစ်ကြောင်း သိရပါတယ်။ အာကာသယာဉ်ပေါ်မှာ ရုရှားအာကာသယာဉ်မှူး အိုလက် အာ(တ်)မိုင်ရပ် ဦးဆောင်ပြီး အမေရိကန် အာသာယာဉ်မှူး အန်ဒရူး ဖူစတယ်နှင့် ရစ်ချက်အာနိုးတို့ လိုက်ပါသွားကြောင်း သိရပါတယ်။

 

MDN
ကိုးကား - ဆင်ဟွာ