ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ချီးမြှင့်သော Dr. LEE Jong-wook memorial prize for Public Health (2019) ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအဆင့်မြှင့်တင်ရေးဌာနခွဲမှ ရရှိ

နေပြည်တော်  ၂၇   မေ 

 

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ မေ ၂၄ ရက်က ကျင်းပသည့် (၇၂)ကြိမ်မြောက် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ညီလာခံတွင် Dr. LEE Jong-wook memorial prize for Public Health (2019) ဆုပေးပွဲအခမ်းအနားကို ကျင်းပခဲ့ရာ ယင်းဆုကို  ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေးအဆင့်မြှင့်တင်ရေးဌာနခွဲမှ ရရှိခဲ့သည်။

 

မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းဖြစ်သော ကျေးလက်နေပြည်သူများအား သွေးတိုးနှင့် ဆီးချိုရောဂါများ စစ်ဆေးကုသပေးခြင်း၊ သက်ကြီးရွယ်အိုကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ကျန်းမာရေးအသိပညာ မြှင့်တင်ခြင်းလုပ်ငန်းများကို ကျေးလက် ကျန်းမာရေး ဌာနများနှင့် ဒေသန္တရကျန်းမာရေးဌာနများတွင် အခြေပြု၍ ဝေးလံခက်ခဲ ဒေသများသို့ အခြေခံကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းကျန်းမာရေး စောင့်ရှောက်မှု များ ယခုထက်ပိုမိုပေးအပ်နိုင်ရန်နှင့် ညွှန်းပို့ရန်လိုအပ်သည့် လူနာများကို ကျန်းမာရေး ဌာနများသို့ အချိန်မီညွှန်းပို့ခြင်းများကို ယခုထက်ပိုမို ထိရောက် စွာ စုစည်းဆောင်ရွက်နိုင်ရေး အတွက်ပြည်သူလူထုအခြေပြု ကျန်းမာရေး စောင့်ရှောက်မှု ဆေးခန်း (သွေးတိုးဆီးချိုစစ် ဆေးကုသရေးဆေးခန်း)များကို (၂၀၁၈) ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ရာမှ ယခုအခါ တစ်နိုင်ငံလုံးရှိကျေးလက် ကျန်းမာရေးဌာနပေါင်း (၁၈၄၉) ခုရှိသည့်အနက် (၅၆၀)တွင် ကျယ်ပြန့်စွာ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့်အတွက် Dr. LEE Jong-wook memorial prize for Public Health (2019) ဆုကိုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယခုနှစ်တွင် Dr. LEE Jong-wook memorial prize for Public Health (2019) ကိုယှဉ်ပြိုင်လျှောက်ထားသည့် နိုင်ငံများအနက်မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ပူးတွဲရရှိခဲ့ခြင်း ဖြစ်ပြီး ဆုတံဆိပ်နှင့်အတူ ဆုချီးမြှင့်ငွေ အမေရိကန်ဒေါ်လာ (၅၀,ဝ၀ဝ)ကို ရရှိခဲ့သည်။ 

 

အဆိုပါ ဆုကို ညွှန်ကြားရေးမှူး ဒေါက်တာသံလွင်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနန်းနိုင်နိုင်ရှိန်နှင့် ဒေါက်တာ ငြိမ်းအေးထွန်းတို့က လက်ခံရယူခဲ့သည်။ 

 

ဆုပေးပွဲ အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးနှင့် အဆင့်မြင့်အရာရှိကြီးမျာ းတက်ရောက်ချီးမြှင့်အားပေးခဲ့သည်။ 

 

(သတင်းစဉ်)