ကမ္ဘာ့ကြက်ခြေနီနေ့ကို ဂုဏ်ပြု‌သောအားဖြင့်  ကြက်ခြေနီတပ်ဖွဲ့ဝင်များ ကိုဗစ်-၁၉ အသိပညာ ပေးခြင်းများပြုလုပ်

ပဲခူး ၈ မေ

 

ပဲခူးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးခရိုင် ကြက်ခြေနီ သူနာပြု တပ်ဖွဲ့အုပ်ချုပ်‌ရေးအဖွဲ့နှင့် ပဲခူးမြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့တို့ပူးပေါင်းပြီး မေ ၈ ရက် နံနက် ၇နာရီခွဲက ပဲခူးမြို့တွင် ယာယီဖွင့်လှစ်ထားရှိသည့် သွန်းဘုရားလမ်းဈေး၊ ဘူတာဈေးတို့၌ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ပြုလုပ်ကြသည်။

 

၂၀၂၀ ပြည့်နှစ်၊ မေလ(၈)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ကို ဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပဲခူးခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အုပ်ချုပ်‌ရေးအဖွဲ့နှင့် ပဲခူးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ပူး‌ပေါင်အင်အား ၅၀ ဦးတို့သည်  ပဲခူးမြို့ သွန်းဘုရားအနီးရှိ မြေကွက်လပ်၌ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပဲခူးမြို့နယ်စည်ပင် သာယာရေး အဖွဲ့မှ ယာယီဖွင့်လှစ်ထားရှိသည့် အခွန်လွတ်ဈေးနှင့် ပဲခူးဘူတာဈေးတို့တွင် ရောင်းချဝယ်ယူ နေကြသည့် ဈေးသယ်/ဈေးဝယ်များအား လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုများ ပြုလုပ်နိုင်ရန် အသိပညာပေးခြင်းများ ပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်ရန် နှာခေါင်းစည်းမပါသူများအား နှာခေါင်းစည်း (Mask)အခု ၁၀ဝ၀ ဖြန့်ဝေပေးခြင်းများ ပြုလုပ်ကြပြီး ပဲခူးမြို့နယ် ကြက်‌ခြေနီသူနာပြုတပ်ဖွဲ့ရုံးတွင် ပါဝင်ဆောင်ရွက်ပေးကြသော ပဲခူးမြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ကြက်ခြေနီတပ်ဖွဲ့ဝင်(၁၀ဝ)ဦးအား တစ်ဦးလျှင် ဆန်(၄)ပြည်နှင့် ကြက်ဥ(၆)လုံးတို့ကို မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးတင်ဆက်မှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)