ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၄ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းမည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

ဂျီနီဗာ ဇန်နဝါရီ ၁၃

 

ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ငွေကြေးဖောင်းပွမှုများကြောင့် ပြီးခဲ့သည့်နှစ် အတွင်းက ၅ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၄ ဒသမ ၁ ရာခိုင်နှုန်းသို့ ကျဆင်းမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားကြောင်း ယမန်နေ့ အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။

 

အမေရိကန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည်လည်း ပြီးခဲ့သည့်နှစ်အတွင်းက ၅ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၃ ဒသမ ၇ ရာခိုင်နှုန်း သို့ ကျဆင်းမည်ဟု မျှော်လင့်ရကြောင်းနှင့် တရုတ် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ပြီးခဲ့သည့် နှစ်က ၈ ဒသမ ဝ ရာခိုင်နှုန်းရှိရာမှ ယခုနှစ်တွင် ၅ ဒသမ ၁ ရာခိုင်နှုန်းသို့ ကျဆင်းဖွယ်ရှိကြောင်း ကမ္ဘာ့စီးပွားရေး အလားအလာဆိုင်ရာ ထုတ်ပြန်ချက်အရ သိရသည်။

 

ဥရောပဇုန်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ယခင်နှစ်က ၅ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ် တွင် ၄ ဒသမ ၂ ရာခိုင်နှုန်းသို့ ကျဆင်းမည်ဟု မျှော်လင့်ရကြောင်း သိရသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အလင်းသစ်