ကမ္ဘာ့ဆင်များနေ့ ညောင်ဦးမြို့နယ် ပလင်းကမ်းသာယာဆင်စခန်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပ

ညောင်ဦး   ၁၂  သြဂုတ်   

 

သြဂုတ် ၁၂ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ဆင်များနေ့အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားကို ညောင်ဦးခရိုင်  ညောင်ဦးမြို့နယ် အနောက်ပုလင်းကျေးရွာအနီးတွင် ဖွင့်လှစ်ထားသော ပလင်းကမ်းသာယာဆင်စခန်းဝင်းအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။

 

ကမ္ဘာ့ဆင်များနေ့အခမ်းအနားကို ညောင်ဦးမြို့နယ်တွင် ဖွင့်လှစ်ထားသော  ပလင်းကမ်းသာယာ ဆင်စခန်းဝင်းအတွင်း ကျင်းပရာသို့ သြဂုတ်လ ၁၂ ရက်တွင် လာရောက်လေ့လာလည်ပတ်သည့် ခရီးသွားဧည်သည်များ ဘုရားဖူးဧည့်သည်များအား  အခမဲ့ဝင်ခွင့်ပေးခြင်း၊ ဆင်များအားအခမဲ့ ဆင်စာကျွေးစေခြင်းနှင့် ပုလင်းကျေးရွာမှကျောင်းသား ကျောင်းသူများအားဖိတ်ကြားကာ ဆင်များအား ချစ်ခင်မြတ်နိုးတန်ဖိုးထားစိတ် ဖြစ်လာစေရန်နှင့် ဆင်များနှင့်ပတ်သတ်သည့် ဗဟုသုတအချက်အလက်များအား ကမ္ဘာ့ဆင်များနေ့တွင် လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များ၊ ဘုရားဖူးဧည့်သည်များနှင့် ပုလင်းကျေးရွာ ကျောင်းသားကျောင်းသူများအား ဦးမျိုးမင်းကို(လက်ထောက်မန်နေဂျာ)က ရှင်းပြသည်။ ဆက်လက်ပြီး လက်ထောက်အထွေထွေမန်နေဂျာ ဦးအောင်ဌေးမှ ကမ္ဘာ့ပေါ်ရှိဆင်များအား ကာကွယ်ကွယ်ထိမ်းသိမ်းကြရန်ရည်ရွယ်ပြီး ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၂ရက်နေ့မှစတင်ကာ ကနေဒါနိုင်ငံသား ရုပ်ရှင်ထုတ်လုပ်သူ Patricia Sims နှင့် ထိုင်းနိုင်ငံအခြေစိုက်  Elephant Reintroduction Foundation မှ အထွေထွေအတွင်းရေးမှူးSivaporn Dardarananda တို့မှ စတင်ကျင်းပလာခဲ့ရာ ယခုဆိုလျှင် ကမ္ဘာ့ဆင်များနေ့အား ကူညီပံ့ပိုးပေးနေတဲ့ (Wi Ldlife Organizations) နိုင်ငံပေါင်း (၇၀)နီးပါးရှိနေပြီးဖြစ်ကြောင်း ခရီးသွားဆင်ချစ်သူများအားရှင်းပြကာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၁)ဦးဝင်းမြင့်ခိုင်၊ ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဝင်းနှင့် ဆင်ချစ်သူများ၊ ပုလင်းကျေးရွာ ကျောင်းသူကျောင်းသားများ တက်ရောက်ကြကြောင်း လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကိုထံက သိရသည်။

 

ကိုထိန်၊ငါ့သရောက်