ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ တောင်သူများအား စိုက်ပျိုးရေးသွင်းအားစု ပစ္စည်းများနှင့် ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

ကြာအင်းဆိပ်ကြီး  ၁   နိုဝင်ဘာ

ကမ္ဘာ့စားနပ်ရိပ်က္ခာ UNFAO အဖွဲ့မှ  သဘာဝဘေးကြောင့်  ထိခိုက်လွယ်ပျက်စီးခဲ့သည့်  စိုက်ပျိုးရေး တောင်သူများအား စိုက်ပျိုးသွင်းအားစု ပစ္စည်းများနှင့် ကျန်းမာရေးသုံးပစ္စည်းများကို ကျေးရွာအုပ်စု၊ ကျေးရွာများသို့ သွားရောက်ပြီး ထောက်ပံ့အပ်လျက်ရှိကြောင်း သိရသည်။

 

ထို့သို့စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများ ထောက်ပံ့ပေးအပ်လျက်ရှိရာ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ ၂၀၁၉ ခုနှစ်တွင် ရေကြီးနစ်မြုပ်မှုများ  ဖြစ်ပေါ်ခဲ့ပြီး စိုက်ပျိုးသီးနှံများ ထိခိုက်ပျက်စီးခဲ့သည့် တောင်သူအိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က ခလယ်ကျေးရွာအုပ်စုနှင့် တံခွန်တိုင်ကျေးရွာအုပ်စုသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ UNFAO မှ ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်း၌ ၂၀၁၉ ခုနှစ်အတွင်း ရေကြီးနစ်မြုပ် ထိခိုက်ခဲ့သည့် ကျေးရွာအုပ်စု (၂၇)အုပ်စုရှိ ကျေးရွာ (၄၅)ရွာအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း UNFAO အဖွဲ့မှ ကရင်ပြည်နယ်တာဝန်ခံ စပြည့်ဖြိုးအောင်နှင့် မြို့နယ်စိုက်ပျိုးဦးစီးမှူး ဦးဝေလေင်းညွှန့်က ပြောကြားကြောင်း သိရသည်။

မျိုးမင်းဦး (ပြန်/ဆက်)