ကမ္ဘာ့ဘောလုံးအကျော်အမော် မာရာဒိုနာ ကွယ်လွန်

ဗျူနိုအေရိစ် နိုဝင်ဘာ ၂၅

 

ကမ္ဘာ့ဘောလုံးအကျော်အမော် တစ်ဦးဖြစ်သည့် အာဂျင်တီးနား ကွင်းလယ်ကစားသမားနှင့် မန်နေဂျာဟောင်းဖြစ်သူ ဒီယေဂို မာရာဒိုနာသည် ဗျူနိုအေရိစ်နေအိမ်တွင် စက်တင်ဘာ ၂၅ ရက်က နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း၊ ၎င်းကွယ်လွန်ချိန်တွင် အသက် ၆၀ ရှိပြီဖြစ်ကြောင်း သိရသည်။

 

မာရာဒိုနာသည် ကမ္ဘာ့ဘောလုံးလောကတွင် ပထမဆုံး ပြောင်းရွှေ့ကြေးအများဆုံး ဘောလုံးသမားတစ်ဦးလည်း ဖြစ်ခဲ့သည်။

 

မာရာဒိုနာသည် အာဂျင်တီးနားအသင်းတွင် လက်ရွေးစင်သက်တမ်းတစ်လျှောက် ဂိုးပေါင်း ၃၄ ဂိုး သွင်းပေးခဲ့သည်။ မာရာဒိုနာသည် ကမ္ဘာ့ဖလားပြိုင်ပွဲ လေးကြိမ်ကစားခဲ့သည်။ အသင်းခေါင်းဆောင်အဖြစ် အာဂျင်တီးနားအသင်းကို တာဝန်ယူကစားခဲ့သော ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဖလားရရှိခဲ့သည်။ အကြိုဗိုလ်လုပွဲတွင် လက်ထိဂိုး အဖြစ် ယူဆရမည့် (ဘုရားပေးသောလက်)ဂိုးဖြင့် အင်္ဂလန်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲတွင် အနောက်ဂျာမနီကို အနိုင်ရရှိကာ သူကိုယ်တိုင်လည်း ရွှေဘောလုံးဆုကို ရရှိခဲ့သည်။

 

မာရာဒိုနာ ကွယ်လွန်သည့်အတွက် အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်က ဝမ်းနည်းကြောင်း ဖော်ပြခဲ့သလို ဘောလုံး လောကအတွက်လည်း ဆုံးရှုံးမှုကြီးတစ်ခုဖြစ်သည်။

ကိုတင်

Photo:AFP