ကမ္ဘာ့အသေးဆုံးကလေးငယ် ဂျပန်နိုင်ငံ တိုကျိုဆေးရုံမှာ မွေးဖွား

၁ မတ်

 

ဂျပန်နိုင်ငံ တိုကျိုဆေးရုံမှာ ကြက်သွန်နီဥ အကြီးတစ်လုံးရဲ့ အလေးချိန်လောက်ဘဲရှိတဲ့ ကမ္ဘာ့အသေးငယ်ဆုံး ကလေးငယ်ကို မနေ့က ဆေးရုံက ဆင်းခွင့်ပေးလိုက်ကြောင်း သိရပါတယ်။ ကလေးငယ်ဟာ ယောကျာ်းလေး ဖြစ်ပြီး လမစေ့ဘဲ (၂၄ ပတ်) မွေးဖွားခဲ့ရာ အလေးချိန်မှာ (၂၆၈ ဂရမ်) ၁၀ အောင်စအောက် သာ ရှိကြောင်း သိရပါတယ်။ ကလေးငယ်ဟာ သားအိမ်တွင်းမှာ ဆက်လက် ကြီးထားမှု မရှိတော့တဲ့အတွက် မွေးဖွားလိုက်ရခြင်း ဖြစ်ပါတယ်။ ကလေးငယ်ရဲ့ သေးငယ်မှုက လူကြီးတစ်ယောက်ရဲ့ လက်ခုပ်အတွင်းမှာတောင် ရှိနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ 

 

mdn

 

ဆေးရုံမှာ ၅ လကြာကုသပေးပြီးနောက်မှာ ကလေးငယ်ဟာ ၃.၂၃၈ ကီလိုအထိ ကြီးထွားလာတာကို တွေ့ရပါတယ်။ ကလေးငယ်ကို ပုံမှန်အနေထားနဲ့ အစာကျွေးနိုင်တဲ့အတွက် ဆေးရုံက ဆင်းခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ 


ကလေးငယ်ရဲ့ မိခင်ဖြစ်သူက သူ့ကလေး အခုလောက်ထိကြီးထွားလာတဲ့အတွက် ပျော်ပါတယ်။ ဒါပေမယ့် သူ့အသက်ရှင်နိုင်မလားဆိုတာတော့ မသေချာဘူးလို့ ပြောပါတယ်။

 

ကလေးငယ်မွေးဖွားရာ တိုကျိုရှိ ခေးအို ဆေးရုံဟာ  ကမ္ဘာမှာ အသေးငယ်ဆုံးကလေးငယ်ကို ကျန်းကျန်းမာမာနဲ့ ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်တဲ့ မှတ်တမ်းဝင်သွားပါတယ်လို့ မွေးကင်းများကို ကုသသူ ဆရာဝန် တာကီရှီ အာမီဆုက ပြောပါတယ်။ 

 

mdn

 

၂၀ဝ၉ ခုနစ်က ဂျာမနီနိုင်ငံမှာ သေးငယ်တဲ့ကလေးငယ် (ယောကျာ်း) ကို ၂၀ဝ၉ ခုနစ်က မွေးဖွားခဲ့ရာ အလေးချိန် ၂၇၄ ဂရမ် ရှိပြီး ဂျာမနီနိုင်ငံမှာဘဲ အလေးချိန် ၂၅၂ ဂရမ် ရှိ သေးငယ်တဲ့ ကလေးငယ် (မိန်းကလေး) ကို ၂၀၁၅ ခုနစ်မှာ  မွေးဖွားခဲ့ပါတယ်။ 

 

ယူနစ်ဆက် (UNICEF) ရဲ့ မှတ်တမ်းအရ  ဂျပန်နိုင်ငံဟာ မွေးကင်းစ ကလေးငယ်သေနှုန်း အနည်းဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ 

 

MDN
ကိုးကား - AFP