ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးနှင့် ဝင်းစိန်ဆရာတော် ဘုရားကြီး၏ သက်တော်(၉၉)နှစ်ပြည့် မွေးနေ့ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပမည်

ကျိုက်မရော  ၁၇  ဇန်နဝါရီ     

 

မွန်ပြည်နယ်၏ အကျော်ကြားဆုံး ပွဲတော်ကြီးတစ်ခုဖြစ်သည့်  မုဒုံမြို့ ဗျိုင်းနှစ်ကောင်ရှိ အတောင် လေးရာပြည့် လျောင်းတော်မူဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးနှငိ့ ဘုရားကြီးကို တည်ထား ကိုးကွယ်ခဲ့သော ဝင်းစိန်ဆရာတော်ဘုရားကြီး၏ သက်တော် ( ၉၉ )နှစ် ပြည့်မွေးနေ့ပွဲကို ဇန်နဝါရီ ၁၈ ရက်မှ ၂၀ ရက်နေ့ အထိ သုံးရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

8520963.

 

အဆိုပါ ပွဲတော်ကြီး၌ နိဗ္ဗာန်ဈေးများ၊ စတုဒိသာမဏ္ဍပ်ပေါင်း(၃၃)ခုတို့တွင် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာ မျိုးစုံနှင့်မွန်ရိုးရာ အစားအစာများကို အနယ်နယ်အရပ်ရပ် လာရောက်ကြမည့် ဘုရားဖူးများအား သုံးရက်တိုင်တိုင် စတုဒိသာများဖြင့် ကျွေးမွေးကြမည်ဖြစ်ပြီး နိုင်ငံတကာ ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲများ ကျင်းပခြင်း၊ နာမည်ကြီး ဇာတ်သဘင်ဖြစ်သည့် ဟန်ဇာမိုးဝင်းဇာတ်ပွဲဖြင့် မိုးအလင်း ကပြဖျော်ဖြေ သွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီထံမှ သိရသည်။

 

7895203695

 

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)

 

8963