ကမ္ဘာ့အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ အထိမ်းအမှတ် အခမ်းအနားနှင့် ကျန်းမာရေးပညာပေး ဟောပြောပွဲ မန္တလေးမြို့တွင် ကျင်းပ

မန္တလေး ၂၆ မေ

 

မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး၊ အစာအိမ်အူလမ်းကြောင်းဆေးပညာ ဌာနမှကြီးမှူး၍ ကမ္ဘာ့ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ အထိမ်းအမှတ်နေ့ (World Digestive Health Day 2019) အခမ်းအနားနှင့် ကျန်းမာရေး ပညာပေးဟောပြောပွဲကို ၂၆ ရက် နံနက် ၉ နာရီက ၃၁ လမ်းနှင့် လမ်း ၇၀ ထောင့်ရှိ မြန်မာနိုင်ငံဆရာဝန်အသင်းရတနာပုံခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးဆေးတက္ကသိုလ်ပါမောက္ခချုပ်နှင့် ပါမောက္ခများ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ မြန်မာနိုင်ငံအစာအိမ်နှင့် အူလမ်းကြောင်းအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာနွယ်နီနှင့် အထူးကုဆရာဝန်ကြီးများ ဖိတ်ကြားထားသောဧည့် သည်တော်များ အစာအိမ်ရောဂါရှင်များ စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

 

received_2

 

ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မန္တလေးဆေးတက္ကသိုလ်ပါမောက္ခချုပ်တို့က ၇ ကြိမ်မြောက်အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ အထိမ်းအမှတ်အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး စုပေါင်းအမှတ်တရမှတ်တမ်းတင် ဓါတ်ပုံရိုက်ကာ ခင်းကျင်းပြသ ထားသော မှတ်တမ်းဓါတ်ပုံများကြည့်ရှုအားပေးသည်။

 

ဆက်လက်၍ "Early Diagnosis and Treatment of GI Cancer" "အစာလမ်းကြောင်းကင်ဆာ စောလျှင်စွာ ကာကွယ်ကုသပါ" ခေါင်းစဉ်ဖြင့် ဟောပြောပွဲအခမ်းအနားကိုကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။

 

အခမ်းအနားတွင် အစာမြိုပြွန်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ မုန့်ချိုအိတ်ကင်ဆာ၊ အူမကြီးကင်ဆာအကြောင်းတို့၏ အသီးသီးသိကောင်းစရာများ ဆောင်ရန်ရှောင်ရန်တို့ကို ကျန်းမာရေးဆိုင်ရာအသိပညာပေးဟော ပြောခဲ့ကြသည်။

 

ယင်းနောက် တက်ရောက်သူများကို ဟာပြောပို့ချချက်များမှ အမေးအဖြေများပြုလုပ်၍ သိလိုသည်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြပြီး ကံစမ်းမဲ အစီအစဉ်ပြုလုပ်ချီးမြှင့်ခဲ့ကြောင်းနှင့် အခမ်းအနား တက်ရောက်လာသူများကို အစာအိမ်ပိုးရှိမရှိ အခမဲ့ သွေးဖောက် စစ်ဆေးပေးပြီး အကျွေးအမွေးဖြင့်ဧည့်ခံခဲ့ကြောင်းသိရသည်။

 

တင်မောင်(မန်းကိုယ်ပွား)

 

received_1