ကမာဝက်မြို့ တိုက်နယ်ဆေးရုံသို့ အောက်ဆီဂျင်စက်များ လှူဒါန်း

မုဒုံ      သြဂုတ်    ၈

 

မွန်ပြည်နယ်  မုဒုံမြို့နယ် ကမာဝက်မြို့အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအတွက်   အောက်ဆီဂျင် အရေးပေါ်လိုအပ်ပါက   ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် အောက်ဆီဂျင်စက်များကို     ကမာဝက်မြို့ တိုက်နယ်ဆေးရုံသို့ ယနေ့ နံနက် ၁၀ နာရီက လှူဒါန်းခဲ့​ကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းရာတွင် ကမာဝက်ခြင်္သေ့ကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒကုမာရမှ အောက်ဆီဂျင်စက်(၁)လုံးကို လည်ကောင်း၊ အောင်တော်မူကျောင်းဆရာတော် ဘဒ္ဒန္တသီလဝံသမှ အောက်ဆီဂျင်စက် (၁) လုံးကို လည်ကောင်း၊ ကမာဝက်မြို့နေ စေတနာရှင်အလှူရှင်များစုပေါင်း၍ အောက်ဆီဂျင်စက်(၃)လုံးကို လည်ကောင်း စုစုပေါင်း အောက်ဆီဂျင်စက်(၅)လုံးအား ကမာဝက်တိုက်နယ်ဆေးရုံသို့ လှူဒါန်းခဲ့ရာ ဆရာဝန်ကြီး ဒေါက်တာ စိုးပိုင်က လက်ခံရယူခဲ့သည်။

အောင်မျိုးသူ(ပြန်/ဆက်)