ကလိန်အောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ သုံးဦး ထပ်မံတွေ့ရှိ

ကလိန်အောင်   ဇူလိုင်   ၁၈

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၌ ဇူလိုင် ၁၇ ရက်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ သုံးဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။    

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ သုံးဦးမှာ ကလိန်အောင်မြို (၃၆)မိုင်(ဟိဇ္ဇဲကျေးရွာ)မှ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး၊ မိကျောင်းလှောင်းကျေးရွာမှ အမျိုးသမီး တစ်ဦးတို့ ဖြစ်ပြီး ၎င်းပိုးတွေ့ရှိသူများအား မြို့နယ်ပြည်သူ့ဆေးရုံရှိ သီးခြားအဆောင်တွင် ထားရှိကာ ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိပြီး ထိတွေ့သူ မိသားစုဝင်များအား လက်ရှိတွင် Home Quarantine ထားရှိကာ ရေဖြူဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဆေးစစ်ပေးသွားမည် ဖြစ်ကြောင်းနှင့် ကလိန်အောင်မြို့တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ ၁၁ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

 

ကလိန်အောင်(ပြန်/ဆက်)