ကလိန်အောင်မြို့၌ ကျောင်းမုန့်ဈေးတန်းနှင့် ကျောင်းပတ်ဝန်းကျင်ရှိ  ရောင်းချနေသော အစားအသောက် များအား စစ်ဆေး

ကလိန်အောင် ၂၀ သြဂုတ်


တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ်  ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီနှင့် မြို့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း မုန့်ဈေးတန်းနှင့် ကျောင်းဝန်းကျင်ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။


ကလေးသူငယ်များကို  ရောင်းချနေသည့် အစားအသောက်နှင့် မုန့်များတွင် ဆိုးဆေးသုံးစွဲသည့် မုန့်များ၊ ရက်လွန် မုန့်များ၊ မသန့်ရှင်းသော အစားအသောက်များ ရောင်းချမှုမရှိစေရေး ပညာပေးခြင်း၊ ဆိုးဆေး သုံးစွဲထားသော မုန့်များကိုစစ်ဆေးပြီး ဖျက်ဆီးခြင်းနှင့် နောင်တွင် ရောင်းချမှုမရှိစေရန် ဈေးဆိုင်ရှင်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ ကျောင်းမုန့်ဈေးတန်းစစ်ဆေးခြင်းကို အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ မြို့ပြည်သူ့ဆေးရုံကြီးမှ တာဝန်ခံ ဒေါက်တာ ထွန်းထွန်းအောင်၊  ရေဖြူမြို့နယ် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များ ကိုယ်စား ဒုဦးစီးမှူး ဒေါ်မိုးမိုးလွင်နှင့် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ မြို့နယ်ဒုပညာရေးမှူး ဦးမျိုးမင်းဦးနှင့် ကော်မတီဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံ ဦးအောင်ဇော်ဦး၊ နယ်မြေရဲစခန်းမှ ဒုရဲအုပ် သက်ဆွေလင်းအဖွဲ့တို့က ကွင်းဆင်းစစ်ဆေးခဲ့သည်။


ကလိန်အောင်(ပြန်/ဆက်)