ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဆွေးနွေး

ဟားခါး၊  ၁၈  ဒီဇင်ဘာ

ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက ဟားခါးမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်ခင်သူဇာက ကလေးသူငယ်ဆိုင်ရာ ဥပဒေများကိုလည်းကောင်း၊ ဂေဟာများ တည်ထောင်ခွင့်ပြုမိန့်များကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ရင်မိုးက Case Management ဆိုင်ရာများကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးငွန်ရိုးထန်က ကလေးသူငယ်ဆိုင်ရာ စီမံခန့်ခွန်မှုတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ကျင့်ဝတ်စည်းကမ်းများကို လည်းကောင်း အသိပညာပေးဆွေးနွေး ကြသည်။

 

ထို့နောက် ဌာနစိတ်မှူး ဦးမောင်သိန်းက ချင်းပြည်နယ်အတွင်း ကလေးသူငယ်ဆိုင်ရာဖြစ်ရပ် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအခြေအနေများကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးမေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

ခရိုင်(ပြန်/ဆက်)