ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း နှစ်(၃၀)ပြည့် အထိမ်းအမှတ်နှင့် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကျင်းပ

နေပြည်တော်  ၂၀  နိုဝင်ဘာ

 

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ် (၃၀)ပြည့် အထိမ်းအမှတ်နှင့် ၂၀၁၉ ခုနှစ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

 

အခမ်းအနားသို့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ယူနီဆက်မြန်မာမှ ဌာနေကိုယ်စားလှယ်၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဝင်များ၊ ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ကော်မတီဥက္ကဌများ၊ ကလေးငယ်များ တက်ရောက်ကြသည်။

 

ရှေ့ဦးစွာ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ကလေးငယ်များ၊ ဆယ်ကျော်သက် လူငယ်များ စုစည်းထားသည့် ရွှေရောင် လိပ်ပြာအဖွဲ့က မြို့နယ်အဆင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီကိစ္စ၊ ဓူဝံအဖွဲ့က တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကလေးသူငယ် လွှတ်တော်ကော်မတီကိစ္စ၊ ကနောင်လော်ဂျီအဖွဲ့က လူမှုကွန်ရက်နည်းပညာ အသုံးပြု၍ ကလေးသူငယ်များအတွက် ပါဝင်ရန်နေရာ တစ်ခုဖန်တီးခြင်းကိစ္စ၊ ဒို့အားလုံးရဲ့ အသံအဖွဲ့က အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီတွင် လူငယ်များပိုမိုပါဝင်နိုင်ရန် နေရာတစ်ခု ဖန်တီးပေးခြင်းကိစ္စ၊ ဗေဒါအဖွဲ့က ကလေးသူငယ်များ၏ အခက်အခဲပြဿနာများကို ကိုယ်တိုင်တင်ပြ ဆွေးနွေးဖော်ဆောင်နိုင်သောနေရာလူငယ် လွှတ်တော်ကိစ္စများနှင့် ပတ်သက်၍ အဖွဲ့အသီးသီးက ဆန်းသစ်သော အကြံဉာဏ်များကို ပြသခြင်း၊ ကလေးသူငယ်များ၏ ထင်မြင်ယူဆချက်များကို တာဝန်ရှိသူများက ပုံမှန်နားထောင်နိုင်သည့်နည်းလမ်း အတွေးအမြင်သစ်များကို ရှင်းလင်းတင်ပြ ခြင်းများကို ပြခန်း() ခန်းဖြင့် ဆောင်ရွက်ကြရာ ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့က ပြခန်းတစ်ခန်းချင်းအလိုက် ကလေးငယ်များ၏ အသံများကို နားထောင်၍ ပါဝင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

 

ထို့နောက် အခမ်းအနားကို ကျင်းပရာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ယနေ့သည် ၂၀၁၉ ခုနှစ် ကမ္ဘာ့ကလေးများနေ့ ဖြစ်သကဲ့သို့ ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၏ နှစ်(၃၀)ပြည့် အထိမ်းအမှတ် အခမ်းအနားလည်းဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးရှိ ကလေးများအားလုံး တူညီသောအခွင့်အရေးများရရှိရေး တစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေအောင် အားလုံးပါဝင်စေရန် ကြိုးပမ်းလျက်ရှိကြောင်း၊ အကောင်အထည်ဖော်ရာတွင် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများဖြင့် ဆောင်ရွက်ရကြောင်း၊ မိမိတို့နိုင်ငံ၌ ကလေးသူငယ် (၁၇)သန်း ခန့်ရှိကြောင်း၊ ထိုကလေးငယ်များသည် အနာဂတ်နိုင်ငံကို ပုံဖော်မည့်သူများဖြစ်သောကြောင့် ယနေ့အခမ်းအနားသည် ကလေးသူငယ်များအတွက် ကောင်းသောအမွေများ လက်ဆင့်ကမ်းပေးနိုင်ရန် မည်သို့ဆောင်ရွက် ပေးရမည်ကို ဂရုစိုက် အာရုံပြုစေနိုင်သည့် အခမ်းအနားလည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းကို သဘောတူ လက်မှတ်ရေးထိုးထားပြီး လိုက်နာဆောင်ရွက်လျက်ရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး အတွေ့အကြုံများစွာလည်း ရရှိပြီးဖြစ်ကြောင်း၊ စိန်ခေါ်မှုများလည်းရှိကြောင်း၊ ကုလသမဂ္ဂ ကွန်ဗင်းရှင်းနှင့် ပတ်သက်၍ ဆောင်ရွက်ရန် အချက်()ချက်ရှိကြောင်း၊ ကွန်ဗင်းရှင်းကိုက်ညီသည့် ဥပဒေပြဌာန်းရန်၊ ကွန်းဗင်းရှင်းပါ အချက်များကို အကောင်အထည်ဖော် ဆောင်ရွက်မည့် နိုင်ငံတော်အဆင့် အမျိုးသားယန္တယားတစ်ရပ် ပေါ်ပေါက်ရန်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပြည်တွင်း၊ ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန်၊ ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ အကောင်အထည်ဖော်မှုများကို သုံးသပ်စိစစ် စောင့်ကြပ်ကြည့်ရှုခြင်းနှင့် အစီရင်ခံစာများတင်ပို့ခြင်းများကို ဆောင်ရွက်ကြရန်ဖြစ်ကြောင်း။

 

အချုပ်အားဖြင့် ကလေးငယ်များ၏ အခွင့်အရေး ()မျိုးဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ် စောင့်ရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ထိုအခွင့်အရေး ()မျိုးသည် ဆက်စပ်နေပါကြောင်း၊ ကလေးငယ်များ အသက်ရှင်သန်ရန်နှင့် ဦးနှောက်နှင့် ကိုယ်ခန္ဓာဖွံ့ဖြိုး တိုးတက်ရန် အတွက် ကျန်းမာရေးသည် အရေးကြီးကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာ ကိုချမှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ မဟာဗျူဟာထဲတွင် ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းမှမွေးဖွားသော အသက်()နှစ် အထိ ကလေးငယ်များ အာဟာရအတွက် ငွေကြေးထောက်ပံ့ခြင်းနှင့် ပညာပေး အစီအစဉ်ပါဝင်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အစိုးရ၏ ခံယူချက်ဖြစ်သည့် အားလုံးသာတူညီမျှခံစားရရှိရေးမူဖြင့် ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်၏ ဘတ်ဂျက် အနေအထားအရ အညွှန်းကိန်းများဖြင့် ဖွံ့ဖြိုးမှုနောက်အကျဆုံး ဒေသများမှ စတင်ဖြည့်ဆည်းလျက်ရှိပါကြောင်း။

 

ဖွံ့ဖြိုးတိုးတက်ရန်အတွက် မွေးစမှ အသက်()နှစ်အထိ ရှေးဦးအရွယ် ကလေးသူငယ်ကဏ္ဍကို စနစ်တကျပြုစု စောင့်ရှောက် ခြင်းဖြင့် ၎င်းတို့၏ ရှေ့ဆက်မည့်သင်ကြား မှုသင်ယူမှုများတွင် အကောင်းဆုံး အခြေအနေတစ်ရပ်ကို ရရှိသွားကြမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ရှေးဦးအရွယ်ကလေးသူငယ် စောင့်ရှောက်ရေးကဏ္ဍကို မဟာဗျူဟာတွင် ထည့်သွင်း၍ ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် ကုလသမဂ္ဂ ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး ကလေးသူငယ်ဥပဒေ ၁၉၉၃ ကို ပြဋ္ဌာန်း၍ ကလေးသူငယ် အခွင့်အရေးများကို ဖော်ဆောင်ခဲ့ပါကြောင်း၊ သို့ရာတွင် ခေတ်ကာလ အခြေအနေအရ ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် ပိုမိုကိုက်ညီအောင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ (၂၀၁၉)ကို ဖော်ဆောင်ခဲ့ပါကြောင်း၊ ထိုဥပဒေအသစ်ဖြင့် ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးသကဲ့သို့ အခွင့်အရေးများ အပြည့်အဝရရှိအောင် ကာကွယ်စောင့်ရှောက်မှုများလည်း ပြုလုပ်ပေးရန်ဖြစ်ကြောင်း၊ ကလေးသူငယ်များကို ပြုစုစောင့်ရှောက်ခြင်းသည် အနာဂတ်နိုင်ငံကို ပုံဖော်ခြင်းဖြစ်ရာ ကလေးငယ်များ ပါဝင်ဆောင်ရွက်ခွင့် ရရှိရေးကို အကောင် အထည်ဖော်ရာတွင် ကလေးငယ်များ၏ အသံကို နားထောင်ဖို့လိုကြောင်း၊ မိမိတို့နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အရ သိသာထင်ရှားသော ပြောင်းလဲမှုများကို တစ်ဆင့်ချင်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းနှင့် အားလုံးပူးပေါင်း ပါဝင်ကြဖို့ လိုကြောင်း ပြောကြားသည်။

 

ထို့နောက် UNICEF Myanmar မှ ဌာနေကိုယ်စားလှယ် Ms. June Kunugi က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်(၃၀)ပြည့် အထိမ်းအမှတ် နှုတ်ခွန်းဆက်စကားပြောကြားသည်။

 

ယင်းနောက် မှတ်တမ်းဗီဒီယိုကိုပြသခြင်းနှင့် Mynmar Got Talent ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သော Junior Creative အကအဖွဲ့မှ ပုံရိပ်အက (Shadow dance) ဖြင့် ဖော်ဖြေတင်ဆက်ခြင်းများ ပြုလုပ်ခဲ့ကြပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနက လာမည့်နှစ်(၃၀)အတွက် ကလေးအခွင့်အရေးများ ရရှိရေးအတွက် ကတိပြု လက်မှတ်ရေးထိုးခဲ့ကြသည်။

 

ဆက်လက်၍ တက်ရောက်လာကြသူများက ကလေးသူငယ်များ ဖန်တီးထားသော ပြခန်းများ၊ ပြိုင်ပွဲဝင်ပြခန်းများကို ကြည့်ရှုကြသည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်ရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ (ပြည်သူ့လွှတ်တော်)၊ ပြည်ထောင်စုလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်ရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ (အမျိုးသားလွှတ်တော်)တို့က အမှာစကားများ ပြောကြားခဲ့ကြပြီး ပြိုင်ပွဲဝင်ပြခန်း အနိုင်ရအသင်းများအား ဆုများချီးမြှင့် ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်)