ကလေးငယ်များနှင့် ပိုလီယိုအကြောသေရောဂါကာကွယ်ဆေးအကြောင်း

နေပြည်တော် ၂၄ မတ်

 

ပိုလီယိုအကြောသေရောဂါသည် အလွန်ကူးစက်မြန်သော ရောဂါဖြစ်ပြီး ပိုလီယိုဗိုင်းရပ်စ် အရိုင်းပိုးအမျိုးအစား( ၁)၊ (၂)နှင့် (၃)တို့ကြောင့် ဖြစ်ပွားသည်။ ပိုလီယိုအကြောသေရောဂါပိုး ကူးစက်ခံနေရသူ အများစုသည် အကြောသေခြင်း မရှိကြပါ။ သို့သော် အခြားသူများအား ကူးစက်နိုင်ပါသည်။

 

ရောဂါပိုးကူးစက်ခံရသူ၏ မစင်ဖြင့် ထိတွေ့သော အစားမစာများနှင့် ရေများကို စားသောက်မိခြင်းမှတဆင့် ကူးစက်ပြန့်ပွားနိုင်ပါသည်။

 

ရောဂါပိုးကူးစက်ခံရသူ ၂၅%သည် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း စသော သာမန်ဝေဒနာများ ဖြစ်ပွားခံစားတတ်ပါသည်။

 

ပိုလီယို အကြောသေရောဂါပိုး ကူးစက်ခံရသူ ၁% သည်သာ အကြောသေရောဂါ ဖြစ်ပွားပါသည်။ ခြေတစ်ဖက်၊ လက်တစ်ဖက်မျှသာ တဖြည်းဖြည်း အကြောသေရာမှ (၁၀)ရက်အတွင်း သိသိသာသာ ခြေ၊ လက်နှင့် အသက်ရှူကြွက်သားတို့ ထိခိုက်သေဆုံးနိုင်ပါသည်။

 

အကြောသေရောဂါ ဖြစ်ပွားသူ (၅%)မှ (၁၀%)သေဆုံးနိုင်ပါသည်။

ပိုလီယိုအကြောသေရောဂါ ဖြစ်ပွားမှုကို ပိုလီယို အစက်ချကာကွယ်ဆေးနှင့် ပိုလီယို ကာကွယ်ဆေးထိုးဆေးများ ထိုးနှံတိုက်ကျွေးခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

 

ပိုလီယို အစက်ချကာကွယ်ဆေးကို ကလေးအသက်(၂)လ၊ (၄)လ၊ (၆)လ အရွယ်များတွင် တိုက်ကျွေးပြီး ပိုလီယိုကာကွယ်ဆေးကို ကလေးအသက်(၄)လအရွယ်တွင် ပိုလီယိုအစက်ချ ကာကွယ်ဆေးနှင့်အတူ ကြွက်သားထဲသို့ တစ်ကြိမ် ထိုးနှံပေးပါသည်။

 

ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့်  ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။

 

MDN