ကလေးမြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံရသည့် အတည်ပြုလူနာတစ်ဦး သေဆုံး

ကလေး၊           ၂၆        ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ တိုင်းရင်းဆေးရုံရှိ အထူးကြတ်မတ်ကုဆောင်တွင် ဆေးကုသမှု ခံယူနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါအတည်ပြုလူနာတစ်ဦးသည် ဇန်နဝါရီ  ၂၆  ရက် နံနက်ပိုင်းက ပြင်းထန်အဆုတ်ရောင်ရောဂါဖြင့် သေဆုံးသွားကြောင်း သိရသည်။

 

အဆိုပါ သေဆုံးသူအတည်ပြုလူနာမှာ ကလေးမြို့ ညောင်ပင်သာရပ်ကွက် နယ်မြေ-၅ မှ  ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ကာယကံမေတ္တာနာမူကူညီရေးအသင်းမှ ဒိုးဝိုင်းချောင်း သုဿာန်သို့ ပို့ဆောင် မြေမြှုပ်သင်္ဂြိုဟ်ကြကြောင်းနှင့် ကလေးမြို့တွင်  ကိုဗစ်-၁၉  ကပ်ရောဂါကြောင့် သေဆုံးသူ အတည်ပြု လူနာ(၁၁)ဦး အထိရှိသွားပြီဖြစ်ကြောင်း  သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ခံရသည့် အတည်ပြုလူနာ (၃၂)ဦး ကျန်ရှိနေပြီး တိုင်းရင်းဆေးရုံနှင့် ပြည်သူ့အငှားအိမ်ရာ အိတ်စွပ်ရှိ အထူးကြတ်မတ်ကုဆောင်တွင် ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။

 

ထန်းဖုန်(ပြန်/ဆက်)

 

mdn