ကလေးမြို့ အခြေစိုက်မော်တော်ယာဉ် အသင်းများမှ ယာဉ်ပိုင်ရှင်များအား အခြေခံစားသောက်ကုန်များ ထောက်ပံ့

ကလေး ၁ နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေး ကော်မတီမှ ကလေးမြို့ အခြေစိုက်မော်တော်ယာဉ်အသင်းများမှ ယာဉ်ပိုင်ရှင်များအား အခြေခံ စားသောက်ကုန်များကို ယနေ့နံနက်ပိုင်းက အဆိုပါကော်မတီရုံးရှိ အစည်းအဝေးခန်းမတွင် ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

 

ထိုသို့ပေးအပ်ထောက်ပံ့ရာတွင် ကလေးမြို့အခြေစိုက် မော်တော်ယာဉ်အသင်းများမှ ယာဉ်ပိုင်ရှင်များ အတွက် မော်တော်ယာဉ်(၁)စီးလျှင် ဆန်(၂)ပြည်၊ အိုင်အိုဒင်းဆား(၂)ထုပ်၊ ဆီတစ်ပိဿာ စုစုပေါင်း မော်တော်ယာဉ် (၂၁၀)စီး တို့ကို ပေးအပ်ထောက်ပံ့ခဲ့ပြီး ကလေးမြို့ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေးကော်မတီအနေဖြင့် ကလေးမြို့အခြေစိုက် မော်တော်ယာဉ်အသင်းများမှ ယာဉ်ပိုင်ရှင်များအား ပထမဆုံးအကြိမ် ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ထန်းဖုန်(ပြန်/ဆက်)