ကလေးစာပေပွဲတော်ကျင်းပရေးအတွက်ပြည်သူအသိပေးဆိုင်းဘုတ်များ စိုက်ထူ

ကျိုက်ထို ၉ ဇွန်

ကျိုက်ထိုမြို့နယ် စာကြည့်တိုက်များကွန်ရက် တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ကူညီမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် ကျိုက်ထိုမြို့နယ် စာကြည့်တိုက်များ ကွန်ရက်တို့ ပူးပေါင်း၍ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နှင့် ၁၁ ရက်နေ့တွင် ကလေးစာပေပွဲတော် ကျင်းပသွားမည်ဖြစ်သည်။

ကျိုက်ထိုမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပမည့် ကလေးစာပေပွဲတော် ကလေး စာပေပြပွဲနှင့်စာအုပ်ဈေးရောင်းပွဲတော်အတွက် ပြည်သူအများ သိရှိနိုင်ရန် ဇွန် ၉ ရက်နံနက် ၉ နာရီတွင် ကျိုက်ထိုမြို့နယ်စာကြည့်တိုက်များကွန်ရက် အဖွဲ့ဝင်များက လူစည်ကားရာအရပ်များ၌ အသိပေး ဆိုင်းဘုတ်များ စိုက်ထူ၍ ကြော်ငြာဗီနိုင်းများ လိုက်လံကပ်ခဲ့ကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)