ကလေးစာပေပွဲတော်(အိမ်မဲ)တွင်မြန်မာယူနီကုဒ်စနစ်ပြောင်းလဲရေး အခမဲ့ဝန်ဆောင်မှုပေး

အိမ်မဲ ၆ နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကလေးစာပေ ပွဲတော်(အိမ်မဲ)ကို ယနေ့ နံနက်၉နာရီက စတင်ဖွင့်လှစ်ခဲ့ရာ ပွဲတော်လာ ပရိသတ်များဖြင့် စည်ကားနေကြောင်း သိရသည်။

 

ကလေးစာပေပွဲတော်(အိမ်မဲ)တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းတစ်ရပ်ဖြစ်သည့် မြန်မာယူနီကုဒ် စနစ်ပြောင်းလဲရေးကို ပွဲတော်လာ ပရိသတ်များ၏ မိုဘိုင်းဖုန်းများအား မြန်မာယူနီကုဒ် စနစ်ပြောင်းလဲပေးခြင်းများ၊ အသိပညာ ပေးလုပ်ငန်းများကို အထူးကဏ္ဍ တစ်ရပ် အနေဖြင့် အခမဲ့ဝန်ဆောင်မှုပေးနေကြောင်းနှင့် အမှတ်တရ လက်ဆောင်များလည်း ပေးခဲ့ကြောင်းသိရသည်။

 

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)