ကလေးစာပေပွဲတော် (အိမ်မဲ) ဒုတိယနေ့တွင် ပင်းတယ မီးအိမ်ရှင်မြောင်းမြခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ် စာပေဟောပြော

အိမ်မဲ  ၇  နိုဝင်ဘာ

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော် (အိမ်မဲ) ဒုတိယနေ့ကို အိမ်မဲမြို့ အထက (၁) ကျောင်း၌ နိုဝင်ဘာလ ၇ ရက်နေ့က ဆက်လက်ကျင်းပရာ နံနက် ၁၀ နာရီက ရွေညီလာခန်းမ၌ ပင်းတယမီးအိမ်ရှင် က စာပေဟောပြောခဲ့ကြောင်း  သိရသည်။

 

mdn

 

ကလေးစာပေပွဲတော်(အိမ်မဲ)တွင် အထူးကဏ္ဍတစ်ရပ်အနေဖြင့် မြောင်းမြခရိုင်ဆေးရုံအုပ်ကြီး ပင်းတယမီးအိမ်ရှင် စာရေးဆရာ ဒေါက်တာသန်းမင်းထွဋ် က ''ပညာသင်တာ ဘယ်သူ့အတွက်လဲ'' ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ ကျောင်းသားကျောင်းသူများ ဆရာဆရာမများနှင့် တက်ရောက်လာသူများက ဝင်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ ဌာနဆိုင်ရာများ စာရေးဆရာများ ကျောင်းသားကျောင်းသူများ တက်ရောက် နားထောင်ခဲ့ကြကြောင်း သိရသည်။

 

အောင်မင်း (မြောင်းမြ)