ကလော၌ မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြ

ကလော  ၂၇ ဇွန်

 

ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် မြို့နယ်စိုက်ပျိုး​ရေး ဦးစီးဌာနက တောင်သူများအား ကောက်စိုက်စက်ဖြင့် လက်​တွေ့သရုပ်ပြသခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ပုန်းအင်း​ကျေးရွာရှိ တောင်သူ ဦးအောင်သန်းကျော်၏ လယ်မြေ၌ ပြုလုပ်ခဲ့သည်။

 

mdn

 

ရှေးဦးစွာ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်ဝမ်းက ရာသီဥတု ပြောင်းလဲလာမှု အခြေအနေပေါ် မူတည်၍ မုတ်သုန်အဝင်နောက်ကျမှုနှင့်အတူ မိုးရွာချိန်နည်းပါးနေသည့်အတွက် မိုးစပါးစိုက်ပျိုးရာတွင် တောင်သူများအနေဖြင့် သမရိုးကျ စိုက်နည်းစနစ်မှ ခေတ်မီ စက်ကိရိယာများဖြစ်သည့် ကောက်စိုက်စက်များနှင့် ပြောင်းလဲစိုက်ပျိုးခြင်းဖြင့် မိုးစပါးစိုက်ပျိုးရာတွင် ကြုံတွေရသည့် လယ်ယာလုပ်သား ရှားပါးမှု အခက်အခဲများကို ဖြေရှင်းနိုင်စေရန်၊ ကိုဗစ်-၁၉ ကာလအတွင်း လယ်ယာလုပ်ငန်းခွင်တွင် ရောဂါကူးစက်မှု လျော့နည်းစေရန်နှင့် တစ်ဧက စိုက်ပျိုးထုတ်လုပ်မှုစရိတ် လျော့ကျနိုင်စေရန်နှင့်စပ်လျဉ်း၍ ရှင်းလင်း​ပြောကြား ခဲ့သည်။

 

ထို့​နောက် ဟဲဟိုးဥယျာဉ်/ ဇီဝခြံ ဦးစီးမှူး ဦးညီညီအောင် က ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း၏ အားနည်းချက်၊ အားသာချက်တို့ကို ရှင်းလင်းပြောကြားပြီး တောင်သူများ၏ မေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြား ပေးခဲ့သည်။

 

ယင်းနောက် ဂျပန်နိုင်ငံ Minoru ကုမ္ပဏီက ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲ ပြုလုပ်ရာ စိုက်ပျိုးနိုင်မှုအနေဖြင့် စပါး တစ်ဧကကို တစ်နာရီအတွင်း စိုက်ပျိုးနိုင်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)

 

mdn