ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသည့် ပညာဥယျာဉ်များ ဝေဆာလာတော့မည် 


ဆောင်းပါး - ဦးလေးခိုင်

နိုင်ငံတစ်နိုင်ငံ အောင်မြင်ကြီးပွားခြင်း၏ အဓိကကျသော အကြောင်းအချက်တစ်ခုမှာ နိုင်ငံတွင် ပညာရေးကို ဦးစားပေးရင်းနှီးမြှုပ်နှံပြီး လူသားအရင်းအမြစ်များ ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်ရန် မဟာဗျူဟာ ချမှတ်ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။ နိုင်ငံတိုင်း၏ အမျိုးသားအကျိုးစီးပွားကို အကောင်အထည်ဖော်ရာတွင် အားလုံးလက်ခံထားသည့် အချက်တစ်ခုမှာလည်း လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဖြစ်သည်။ လူသား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရေးသည် အဓိကကျသည့်ကဏ္ဍဖြစ်ပါသည်။ 
ထို့ကြောင့် ပညာရေးတွင် အမြဲတမ်းရင်းနှီးမြှုပ်နှံ၊ ပညာရေးတွင် အမြဲတမ်း အဆင့်မြှင့်တင်၊ ပညာရေး တွင် စဉ်ဆက်မပြတ် သင်ကြားရေးကို ပြုလုပ်နေကြ ပါသည်။ ဥပမာအားဖြင့် စင်ကာပူနိုင်ငံသည် ကမ္ဘာ့ ပညာရည် အမြင့်ဆုံးနိုင်ငံများတွင် ထိပ်ပိုင်းမှ ပါဝင် သောကြောင့်   နိုင်ငံသေးငယ်သော်လည်း   ဖွံ့ဖြိုးမှု မြင့်မားသော နိုင်ငံဖြစ်နေပါသည်။ အကြောင်းရင်းမှာ ပညာရေးကို အဓိက ဦးစားပေး ရင်းနှီးမြှုပ်နှံခဲ့သော ကြောင့် ဖြစ်သည်။ စင်ကာပူနိုင်ငံ၏ ခေါင်းဆောင် လီကွမ်ယုက  ပညာရေးဆိုသည်မှာ  လုပ်ရိုးလုပ်စဉ် ကျောင်းတက် ပညာသင်ခြင်းထက် များစွာပိုမိုနက်နဲ ကျယ်ဝန်းပါသည်။   စူးစမ်းလေ့လာမှု ပြင်းပြကာ အမြဲမပြတ် သင်ယူလေ့လာနေသူများကိုသာ ပညာ တတ်ဟု ယူဆကြောင်း ပြောကြားချက်ကို သတိရမိ ပါသည်။

ဆိုလိုရင်းမှာ ပညာကို စဉ်ဆက်မပြတ် ကြိုးပမ်း လေ့လာသင်ယူ ဆည်းပူးအားထုတ်ခြင်းဖြင့် ပညာ တတ်များပေါများအောင် ဆောင်ရွက်ရမည်ကို ညွှန်း ဆိုခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ပညာနှင့်ဝေး၍မရပါ။ ပညာကို အပတ်တကုတ် ဆည်းပူးနေရမည်ဖြစ်ပါ သည်။ ပညာနှင့်မဝေးရန်အတွက် ဦးစွာပညာသင်ယူ ရမည့် စာသင်ကျောင်းများ ရှိရပါမည်။ ကျောင်းရှိ လျှင် ကျောင်းများအစဉ်ဖွင့်ရပါမည်။ ကျောင်းဖွင့် လျှင်   ကျောင်းတက်ရပါမည်။    စဉ်ဆက်မပြတ် ပညာရေးကို အကောင်အထည်ဖော်ပြီး ပညာရေး အတွက်   နှစ်စဉ်မပျက်   ကျောင်းပိတ်ရက်မှလွဲ၍ အစဉ်မပြတ် တက်ရောက်ပညာသင်ယူ နေကြရပါ မည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်ကာလက ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကျောင်းများအားလုံး ပိတ်ခဲ့ရပါသည်။ ကလေးသူငယ် လူငယ်လူရွယ်များ ပညာရေးနှင့် ဝေးခဲ့ရပါသည်။ ကျောင်းသား ကျောင်းသူ များမှာ  ပညာရေးနှင့်  တစ်နှစ်တာဝေးခဲ့ပြီးနောက် ၎င်းတို့ရပ်တည်နေကြသည့်   အခြေအနေကို   မိဘ အုပ်ထိန်းသူများ အသိဆုံးဖြစ်ပါသည်။ ပညာရေးနှင့် ဝေးသဖြင့် အသိဉာဏ်ပညာများနှင့် ကင်းဝေးကာ လေလွင့်ခဲ့ရသူများလည်း  ရှိသည်။   ၂၀၂၁  ခုနှစ် ရောက်သည့်အခါ   ကျောင်းများ   ပြန်လည်ဖွင့်လှစ် ပေးသော်လည်း ကျောင်းမတက်ရေး၊ ကျောင်းဖျက် ရေး အဖျက်လုပ်ရပ်မျိုးစုံတို့နှင့် ကြုံခဲ့ရပြန်ပါသည်။

ပညာရေးကို အစွန်းရောက်အဖျက်သမားများက နှောင့်ယှက်ဖျက်ဆီးသော်လည်း    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ကျောင်းသားလူငယ် များကို ပညာရေးနှင့် မဝေးကွာစေဘဲ ကျောင်းများပြန်လည်ဖွင့်လှစ်ရေးကို ဦးစားပေးဆောင်ရွက်ခဲ့ပါ သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “ကျောင်းများ ပိတ်ထားရ သည့်အတွက်  ကျောင်းသား၊  မိဘနှင့်  နိုင်ငံတော် အတွက် ဆုံးရှုံးမှုများရှိသဖြင့် ကျောင်းများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး    ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊ နိုင်ငံတော်  ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များ လိုအပ်ကြောင်း၊ ထို့ကြောင့် ပညာရေး နှင့်   ပတ်သက်၍  အားပေးဆောင်ရွက်လျက်ရှိပြီး ကျောင်းသားများ    ပညာတတ်စေရန်အတွက် ကျွမ်းကျင်သည့် ဆရာ၊ ဆရာမများက လေ့ကျင့်သင် ကြားပေးရန်လိုကြောင်း၊ ယခုအခါ ကျောင်းမတက် ရန်အတွက် အချို့သူများက ခြိမ်းခြောက်ဆောင်ရွက် ပြီး အဖျက်လုပ်ငန်းများ လုပ်ဆောင်နေမှုသည် နိုင်ငံ အား   ဖျက်ဆီးနေခြင်းပင်ဖြစ်ကြောင်း၊  မိမိတို့ နိုင်ငံတွင်   ပညာတတ်များ   ပေါများလာမည်ကို နိုင်ငံရေးလုပ်စားသူများက မလိုလားဘဲ ပြည်သူများ ဒုက္ခရောက်အောင် လုပ်ဆောင်နေခြင်းပင်ဖြစ်ပြီး မိုက်မဲသည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း”  ပြော ကြားခဲ့သည်။

ကမ္ဘာပေါ်ရှိ   ပဋိပက္ခများ ဖြစ်ပွားခဲ့သော နိုင်ငံ များတွင် စာသင်ကျောင်းများကို ရွေးချယ်၍ ပစ်မှတ် ထားတိုက်ခိုက်ခဲ့ခြင်း မရှိချေ။ အစွန်းရောက် စစ်သွေး ကြွများပင် စာသင်ကျောင်းများကို ၎င်းတို့လမ်းစဉ် နှင့် မကိုက်ညီသောအခါတွင်မှ တိုက်ခိုက်မှုရှိသည်။ တိုင်းရင်းသားလက်နက်ကိုင်   အဖွဲ့အစည်းများ အနေဖြင့် စာသင်ကျောင်းများကို ဖျက်ဆီးခြင်း မပြု လုပ်ခဲ့ပါ။ သို့သော် ယနေ့အစွန်းရောက်   နိုင်ငံရေး သမားများနှင့် PDF အကြမ်းဖက် အဖျက်သမားများ က ပညာရေးနှင့်  သက်ဆိုင်သည်များအား တမင် ရည်ရွယ်ဖျက်ဆီးနေသည်ကို တွေ့ရသည်။ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တစ်လျှောက်၌ မြို့နယ်ပေါင်း ၁၇၇ မြို့နယ်တွင် အကြမ်းဖက်လုပ်ရပ်များကြောင့် စာသင်ကျောင်းနှင့် ပညာရေးအဆောက်အအုံ ၅၀၀ ကျော် ဖျက်ဆီးခံခဲ့ရသည်။ PDF အကြမ်းဖက်သမား များက  ပညာရေးဝန်ထမ်း ၃၇ ဦးအား သတ်ဖြတ်ခဲ့ ကြပြီး ဝန်ထမ်း ၃၀ ဒဏ်ရာရခဲ့သည်။
 
အနာဂတ်အညွန့်အဖူး     ကလေးသူငယ်များ အနာဂတ်ပျောက်အောင်၊   ဘဝအညွန့်တုံးအောင် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ အကြမ်းဖက်သမား များ၏ အဆိုပါလုပ်ရပ်များကို ၎င်းတို့ခေါင်းဆောင် ဆိုသူများက တားမြစ်ကန့်ကွက်တားဆီးခဲ့ကြခြင်း မရှိပေ။   ပြည်ဖျက်မီဒီယာများကလည်း   အားပေး အားမြှောက် ပြုလုပ်ခဲ့ကြသည်။ ထို့ပြင်  ပြီးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုစဉ်အခါက   စာစစ် ဌာနများနှင့် စာဖြေဌာနများကို ဗုံးပစ်ခြင်း၊ မိုင်းခွဲ ခြင်းများ ပြုလုပ်ခဲ့ကြသည်။ သာဓကအချို့အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး ကလိန်အောင်မြို့ ကံပေါက် အခြေခံပညာအထက်တန်းကျောင်းတွင် စာမေးပွဲ ဖြေဆိုနေစဉ် လာရောက်ပစ်ခတ်ခဲ့ကြသည်။ ရေဖြူ မြို့နယ်   ကျောက်တိုင်လမ်းတွင်ရှိသည့်   အခြေခံ ပညာအထက်တန်းကျောင်း၌ အင်္ဂလိပ်စာဘာသာ ဖြေဆိုနေစဉ် လက်လုပ်အသံဗုံးဖြင့်   လာရောက် ပစ်ခတ်ခဲ့သည်။  ရေစကြိုမြို့နယ်   အမှတ်(၈)ရပ်ကွက် အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်း    ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ချင်းပြည်နယ် မတူပီမြို့ အခြေခံပညာအထက်တန်း ကျောင်းတွင်လည်း     ပေါက်ကွဲမှု    ဖြစ်ပွားခဲ့သည်။ အခြားဒေသများတွင်လည်း  နှောင့်ယှက်ဖျက်ဆီးမှု များ ရှိခဲ့သည်။ 

ဤသို့ပြုလုပ်ခြင်းသည်   တိုင်းပြည်အနာဂတ် တွင်   လူသားအရင်းအမြစ်  ဖွံ့ဖြိုးတိုးတက်ရေး အတွက် တည်ဆဲအစိုးရက ဆောင်ရွက်ပေးနေသည် ကို မနာလိုမရှုဆိတ်၍လည်းကောင်း၊ ပညာလိုလား သင်ကြားကြသော   လူငယ်များ၏   အနာဂတ်ကို လမ်းပျောက်စေရန်အတွက်လည်းကောင်း ဖျက်လို ဖျက်ဆီးပြုလုပ်နေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပညာတတ်လူငယ်များ၊   လူသားအရင်းအမြစ်များ အထူးလိုအပ်နေသော အချိန်အခါဖြစ်သည်။ အသိ ပညာရှင်၊ အတတ်ပညာရှင်များ  မွေးထုတ်ပေးနိုင်ရန် အတွက် ပညာရေးကဏ္ဍသည် အရေးကြီးသည်။ မြန်မာနိုင်ငံ၏  ပညာရေးအခြေအနေကိုကြည့်မည် ဆိုပါက ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အသက် ငါးနှစ်နှင့်အထက် လူဦးရေ လေးသန်းခန့် (နိုင်ငံ့လူဦးရေ၏ ၈ ဒသမ ၁ ရာခိုင် နှုန်း) သည်    အခြေအနေအကြောင်းအမျိုးမျိုးတို့ ကြောင့် ကျောင်းမနေခဲ့ကြရပေ။

အသက် ၂၅ နှစ်အထက် ကျောင်းမနေဖူးသူမှာ လူဦးရေ ၉၆၀၀၀၀ ခန့်ရှိသည်။ ထို့ကြောင့် ကျောင်း မနေဖူးသူပြည်သူများမှာ လူဦးရေ ငါးသန်းခန့်ရှိ နေသည်။ ထို့ပြင်  မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ  မူလတန်းပညာ အဆင့်သာရှိသူ ၁၂ ဒသမ ၉၇ သန်းခန့်နှင့် အလယ် တန်းပညာအဆင့်ရှိသူ ၅ ဒသမ ၄ သန်းခန့်ရှိသည် ဟုလည်း သိရသည်။ စုစုပေါင်းဆိုလျှင် အလယ်တန်း ပညာအဆင့်နှင့်အောက်ရှိသူ ၁၈ ဒသမ ၂ သန်း ခန့်ရှိနေပြီး နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံနီးပါးမှာ ပညာရေးနှင့်ဝေးနေသည်ကို တွေ့ရမည်။ ထို့ကြောင့်  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့်    ပြည်သူတို့၏ အနာဂတ်ဘဝ           မြင့်မားတိုးတက်ရေးအတွက်  အမျိုးသားပညာရေးကို    မြှင့်တင်ပေးရန်   အထူး လိုအပ်နေပါသည်။  

စာသင်ကျောင်းများဖွင့်လှစ်ပြီး ပညာသင်ကြား ပေးနေခြင်းမှာ   အစိုးရအတွက်လား၊   တိုင်းပြည် အနာဂတ်အတွက်လား၊ ကလေးသူငယ်လူငယ်များ ၏ အနာဂတ်အတွက်လား ခန့်မှန်းကြည့်နိုင်ပါသည်။ ပညာသင်ကြားခြင်းသည် အနည်းနှင့်အများဆိုသလို ကောင်းကျိုးပြုပါသည်။ ကိုလိုနီခေတ် ကျွန်ပညာရေး စနစ်တွင်ပင် ထိုခေတ်က လူငယ်လူရွယ်များ၏ ဘဝ တိုးတက်ရေး၊ နိုင်ငံလွတ်လပ်ရေးအတွက် အကျိုး ကျေးဇူးများ ဖြစ်ထွန်းခဲ့သည်ကို မြင်တွေ့ရမည်ဖြစ် သည်။ လွတ်လပ်သောကာလတွင်မူ ဆိုဖွယ်ရာမရှိ ပေ။ မျက်မှောက်ကာလသည်   ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေသော ကာလဖြစ်ပါသည်။ ဒီမိုကရေစီစနစ်ကို အပြည့်အဝအကောင်အထည် ဖော်ရန်နှင့် ဒီမိုကရေစီ အသီးအပွင့်များကို အားလုံး ခံစားနိုင်စေရန် ပြည်သူလူထု၏ ပညာရည်မြင့်မား နေစေရန် လိုအပ်ပါသည်။

ဒီမိုကရေစီနှင့်  ပညာရေးအကြောင်းဆက်ခြင်း နှင့် ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ်ဟောင်း   ဦးသန့်က    “တိုင်းပြည်အုပ်ချုပ် ရေးစနစ်များအနက် ဒီမိုကရေစီစနစ်သည် အခက်ခဲ ဆုံး     ဖြစ်သည်။   ဒီမိုကရေစီစနစ်   အောင်မြင်စေ ရန်     ပြည်သူပြည်သားတို့သည်    အသိဉာဏ်ပညာ နှင့်     ဆင်ခြင်တုံတရား       လုံလောက်အောင်ရှိကြ ရမည်။ အသိဉာဏ်ကင်းမဲ့သော     နိုင်ငံတွင်    ဒီမို ကရေစီစနစ်သည်   ဗရုတ်သုတ်ခကိုသာ   ဖြစ်စေ မည်” ဟု ပြောကြားခဲ့သည်ကို       မှတ်သားဖူးပါသည်။


စစ်မှန်သည့်  ဒီမိုကရေစီစနစ်ကို  ဖော်ဆောင်မည် ဆိုပါက နိုင်ငံသားများအား  အသိဉာဏ်ပညာများ ပြည့်ဝစေရန်  ဖန်တီးပေးရန်   လိုအပ်ကြောင်း  ရည်ညွှန်းခဲ့ခြင်းဖြစ်ပါသည်။
မျက်မှောက်ကာလတွင် တိုင်းပြည်၏ အနာဂတ် နှင့်   မျိုးဆက်သစ်လူငယ်များ   အနာဂတ်ဘဝ တိုးတက်ကောင်းမွန်ရေးအတွက်   အမျိုးသား ပညာရေးကို မြှင့်တင်အားပေးလျက်ရှိသည်။ အနာဂတ် နိုင်ငံတော်အတွက်  ရင်းနှီးမြှုပ်နှံပေးနေခြင်းဖြစ် သည်။  နိုင်ငံတော်အစိုးရအနေဖြင့်  အကြမ်းဖက် အဖွဲ့အစည်းများက ကျောင်းသား၊ မိဘနှင့်  ဆရာ ဆရာမများအပေါ်    နည်းမျိုးစုံဖြင့်    ခြိမ်းခြောက် နှောင့်ယှက်ဖျက်ဆီးနေမှုများကြားမှ ပြည်သူ ပါဝင် သည့် လုံခြုံရေးအာမခံချက်များ ရယူ၍ နိုင်ငံတစ်ဝန်း ၌   ကျောင်းများ   ဖွင့်လှစ်နိုင်ရေးကို ကြိုးပမ်း ဆောင်ရွက်သည်။ 

၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် နိုင်ငံတစ်ဝန်း လုံးရှိ   စာသင်ကျောင်းအားလုံးနီးပါးကို  စတင် ဖွင့်လှစ်ပေးခဲ့သည်။ မြန်မာနိုင်ငံတွင် အခြေခံပညာ အထက်တန်းအဆင့် ၆၁၇၈ ကျောင်းရှိသည့်အနက် ၅၂၀၉ ကျောင်း ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ အခြေခံပညာ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်း စုစုပေါင်း ၄၇၇၆၀  ရှိသည့်အနက် ကျောင်းပေါင်း ၃၉၂၄၂ ကျောင်း ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ ကျောင်း တက်ရောက်မှုအနေဖြင့် ကျောင်းသား  ကျောင်းသူ ၄၂ သိန်းကျော် (၈၁ ရာခိုင်နှုန်းကျော်)တက်ရောက် ခဲ့သည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာအဆင့် အတန်းတင်စာမေးပွဲများကို  ၂၀၂၂  ခုနှစ် မတ်လ နောက်ဆုံးအပတ်နှင့်    ဧပြီလပထမပတ်တို့တွင် ယခင်လျာထားသည့်အတိုင်း စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ပြီးဖြစ်သည်။ တက္ကသိုလ်ဝင်စာမေးပွဲကို  တိုင်း ဒေသကြီးနှင့်   ပြည်နယ်အလိုက် စာရင်းပေးသွင်း ထားသူများအနက် ၉၀ ဒသမ ၁၈ ရာခိုင်နှုန်း ဝင်ရောက် ဖြေဆိုခဲ့ကြသည်။ နိုင်ငံတော်၏ အနာဂတ်အတွက် နှင့် ကျောင်းသား  ကျောင်းသူများ စာမေးပွဲအောင် ရေးအတွက်သာမက ရာခိုင်နှုန်းပြည့် အမှန်တကယ် တတ်မြောက်စေရန် အကောင်အထည်ဖော် ဆောင် ရွက်ပေးခဲ့သည်။ 

တက္ကသိုလ်ဝင်တန်းမပါ  အခြေခံပညာအဆင့် စာမေးပွဲအောင်စာရင်းများကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၄ ရက်က ထုတ်ပြန်ပေးခဲ့ပြီးဖြစ်သည်။ တက္ကသိုလ် ဝင်စာမေးပွဲဖြေဆိုခဲ့သည့် ကျောင်းသား  ကျောင်းသူ များ၏ အောင်စာရင်းကို ၂၀၂၂ ခုနှစ် ဇွန်လအတွင်း ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး အောင်စာရင်း ထွက် မည့်ရက်ကို ထပ်မံကြေညာပေးသွားမည်ဟု  သိရ သည်။ တစ်ဆက်တည်းတွင် တက္ကသိုလ်၊ ကောလိပ် များကို ၂၀၂၂ ခုနှစ် မေလ ၁၂ ရက်နေ့တွင် ဖွင့်လှစ် ပေးသွားမည်ဖြစ်သည်။ ကျောင်းအပ်နှံရေး ရက် သတ္တပတ်သည်  မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်အထိ  ဖြစ်သည်။ ၂၀၂၂ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် အခြေခံ ပညာကျောင်းများအားလုံး ဖွင့်လှစ်နိုင်ရန် လျာထား စီမံ ဆောင်ရွက်လျက်ရှိသည်။
  ပညာသင်ကြားပေးမည့် ဆရာ ဆရာမများ အားလုံးကိုလည်း အရည်အသွေးမြှင့်တင်ပေးလျက် ရှိသည်။ ယမန်နှစ်က ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု ကြား၊ နိုင်ငံရေး အပြောင်းအလဲကြား၊ အဖျက်လုပ်ရပ် ပြဿနာများကြားတွင်   စာသင်ကျောင်းများကို ကာကွယ်စောင့်ရှောက်ပေးကာ   ဖွင့်လှစ်ပေးခဲ့ခြင်း သည်   နိုင်ငံတော်နှင့်ပြည်သူများ၏   အနာဂတ် ကောင်းမွန်ရေးအတွက် စစ်မှန်သော စေတနာဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။   နိုင်ငံအကျိုးပြု လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာရေး အတွက် မျိုးဆက်သစ်များကို  ပျိုးထောင်ပေးနေခြင်း ဖြစ်သည်။

အချုပ်အားဖြင့်ဆိုလျှင် ၂၀၂၂ ခုနှစ် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁  ရက်နေ့အထိသည် ကျောင်း အပ်နှံရေး ရက်သတ္တပတ်ကာလဖြစ်သည်။ ၂၀၂၂ ခုနှစ် ဇွန်လဆန်းသည်နှင့် အဖြူအစိမ်းရောင်လေး များ    စုံစုံညီညီဖြင့်   လှပဝေဆာလာတော့မည်ဖြစ် သည်။ မင်္ဂလာရှိသောနေ့ရက်များ ရောက်ရှိလာတော့ မည်ဖြစ်သည်။ ညီညွတ်သောအင်အားဖြင့် အဖျက် အန္တရာယ်များဖယ်ရှား၍ ကိုဗစ်-၁၉ ရောဂါကင်းဝေး လာတော့မည့်  အေးချမ်းသာယာသော မြန်မာပြည် တွင်      ရင်သွေးငယ်များ   ပညာရည်နို့သောက်စို့ရာ ပညာဥယျာဉ်များ       ကျက်သရေမင်္ဂလာအဖြာဖြာ ပြည့်စုံဝေဆာလာတော့မည်ဖြစ်ပါကြောင်း။       ။