ကြက်သားပြားကြော်

စားရတာ ပျော့ပျောင်းနူးညံ့တာကြောင့် ပါတီပွဲလာ ဧည့်သည်တွေ အားလုံးအကြိုက်တွေ့မယ့်  ဟင်းပွဲတစ်ပွဲပါပဲ။

 

ပါဝင်ပစ္စည်းများ ( ၃ ဦး (သို့) ၄ ဦးစာ)

 

စဉ်းထားသည့် ကြက်သား  ၃၀ဝ ဂရမ်

 

Shiso အရွက် ၄ ရွက် 

 

Japanese mustard (အရသာ လိုသလောက်)

 

ဟင်းရွက်ဆီ  စားပွဲဇွန်း   တစ်ဝက်

 

ဆန်ရှလာကာရည် စားပွဲဇွန်း ၁ ဇွန်း

 

ရောစပ်ရန် (က)

 

ဂျပန် ကြက်သွန်မြိတ်  တစ်ပိုင်း(နုပ်နုပ်စဉ်းထား)  ၅၀ ဂရမ်

 

ကြက်ဥ  ၁ လုံး

 

ဂျုံမှုန့်    စားပွဲဇွန်း ၄ ဇွန်း

 

ဆား    စားပွဲဇွန်း   ၁/၄ ဇွန်း

 

ရေ စားပွဲဇွန်း    ၂ ဇွန်း

 

ရောစပ်ရန် (ခ)

 

 ရေ  ၁၀ဝ မီလီလီတာ

 

ပဲငံပြာရည် စားပွဲဇွန်း  ၂ ဇွန်း

 

သကြား   စားပွဲဇွန်း  ၂ ဇွန်း

 

အာလူးမှုန့် စားပွဲဇွန်း  ၂ ဇွန်း

 

ပြုလုပ်ပုံ

 

၁။ စဉ်းထားသည့် ကြက်သားနှင့် ရောစပ်ရန် အမယ် (က) ကို ဇလုံတစ်ခုထဲ ထည့်ပြီး သမအောင် နယ်ပါ။

 

၂။ အကြော်အိုးထဲမှာ ဟင်းရွက်ဆီ ဇွန်းတစ်ဝက် ထည့်ပါ။ ထို့နောက် နယ်ထားသည့် ကြက်သားကို ဒယ်အိုးထဲမှာ ဖြန့်ပြီး ထည့်ပါ။ ထို့နောက် ယောက်မကို အသုံးပြုပြီး အပိုင်းလေးပိုင်း ဖြတ်ရာပေးပါ။

 

၃။ ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး မီးအပူချိန်ကို  median-high အနေအထား ဖွင့်ပြီး အသားပြားကို  ၃-၄ မိနစ်ခန့် ကြော်ပါ။ ဘေးသားများ အရောင်ပြောင်းသွားသည့်အခါ ဖြတ်ရာပေးထားသည့်အတိ်ုင်း ဇွန်းဖြင့် ဖြတ်ထုတ်ပြီး တစ်စိတ်ချင်းစီ တစ်ဖက်လှန်ပေးပါ။ ထို့နောက် မီးအပူချိန်ကို အသင့်အတင့် အနေအထားသို့ ပြန်လျှော့ချပြီး ၃ မိနစ်ခန့် ကြော်ပါ။ ပန်းကန်ပြား တစ်ချပ်ထဲမှာ  shiso အရွက်ကို ဖြန့်ခင်းပြီး ကြက်သားပြားကြော် အစိတ်လေး တွေကို  တင်ပါ။

 

၄။ ဒယ်အိုးထဲက အကြော်ဆီတွေကို ဆီစုပ်စက္ကူနဲ့ သုတ်ပါ။ ထို့နောက် ရောစပ်ရန် အမယ် (ခ)ကို ထည့်ပြီး မီးအပူချိန် အသင့်အတင့်နဲ့ အနှစ်ရည်တွေ ပျစ်လာသည်အထိ ချက်ပါ။ ထို့နောက် ဆန်ရှလကာရည် စားပွဲဇွန်း ၁ ဇွန်းထည့်ပြီး  ကြက်သားပြားကြော်ပေါ်တွင် လောင်းပါ။ ထို့နောက် အရသာအတွက် Japanese mustard ဖြူးပါ။

 

ကိုးကား- NHK